ဧရာဝတီတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၇ လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများပျက်စီး

ပုသိမ်၊ မေ ၂၀

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်ရက် ၂၀ အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်တော်ကြီးကျာင်းသုံးကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၆၇ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် မေလ ၁ ရက်မှ ၂၀ ရက်အထိ၊ ရက်ပေါင်း ၂၀ အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၈ လုံးမှာ လုံးဝပြိုကျပျက်စီးခဲ့ပြီး၊ ၃၉ လုံးအမိုးလန်ပျက် စီးခဲ့ကာ ဘုန်းတော်ကြီးကျောင်းသုံးကျောင်း ပြိုကျခဲ့ပြီး၊ စာသင်ကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ ဝင်တစ်ဦးက ပြောသည်။

“ လေပြင်းတိုက်ခတ်မှုဖြစ်ပွားလို့ လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ အမိုးလန်တွေအိမ်တွေများတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးမှုဖြစ်ခဲ့တယ်။ ပျက်စီးခဲ့တဲ့အိမ်တွေကတော့ အမျိုးအစားအစုံပေါ့။” ဟု ၎င်းကဆက်ပြောသည်။

လေပြင်းဒဏ်ကြောင့် ပြိုကျ၊ အမိုးလန်ပျက်စီးသွားသည့်နေအိမ်များသည် ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ သာပေါင်းမြို့နယ်တို့မှဖြစ်ပြီး၊ ကျောင်းကုန်းမြို့နယ်မှ ဘုန်းတော်ကြီးကျောင်းသုံကျောင်းနှင့် ကန်ကြီးထောင့်မြို့နယ်က စာသင်ကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရသည်။

“ လေပြင်းဒဏ်ကြောင့် ညောင်ချောင်းကျေးရွာအုပ်စု၊ ကိုင်းတာကျေးရွာအုပ်စု၊ မိုးမခကျေးရွာအုပ်စု၊ အစုကြီးကျေးရွာအုပ်စု၊ ကျောင်းအိုင်ကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာအုပ်စု ငါးဖားကျေးရွာအုပ်စု၊ ဂျိုးဂေါင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကြီးကျေးရွာအုပ်စု စသည့်ကျေးရွာအုပ်စုများမှာ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

လေပြင်းဒဏ်ကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ ပျက်စီးခဲ့သော်လည်း လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်းမရှိခဲ့ဘဲ၊ လေဘေးသင့်များမှာမိသားစုများ၊ အသိမိတ်ဆွေများ၊ ဘုန်တော်ကြီးကျောင်းများတွင် ခေတ္တပြောင်းရွှေ့နေရကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆၇ လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.