ဧရာဝတီတိုင်းတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၉၀ ကျော် ထောင်ဒဏ်များချမှတ်ခံရ

ပုသိမ်၊ မတ်လ ၁၆

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်း ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ ၉၀ ကျော်ကို ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ တစ်လအတွင်း ဧရာဝတီတိုင်းသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာအမျိုးသား ၅၀ ကျော်၊ အမျိုးသမီး ၄၀ ကျော်၊ စုစုပေါင်း ၉၄ ဦးဖမ်းဆီးခံရခြင်းဖြစ်ပြီး ထိုသို့အဖမ်းခံရသည့် ရိုဟင်ဂျာများကို ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ တစ်လအတွင်းဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါးအထိရှိခဲ့တယ်။ အဲ့ဒီဖမ်းမိတဲ့ ရိုဟင်ဂျာ ၉၄ ယောက်ပေါ့ အဖမ်းခံရတာ။ သူတို့ကို ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ သိရတယ်။အမျိုးသားမှတ်ပုံတင်နှင့် လူဝန်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၆၃-က နဲ့အမှုဖွင့်အရေးယူပြီး ထောင်ဒဏ်နှစ်နှစ်စီ အသီးသီးချမှတ်ခဲ့တာလို့ သိရတယ်။” ဟု ၎င်းကဆက်ပြော သည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း ဖမ်းဆီးထောင်ဒဏ်ချမှတ်ခံရသည့် ရိုဟင်ဂျာ ၉၀ ကျော်သည် လပွတ္တာမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံ့ခင်းမြို့နယ် စသည့်မြို့နယ်တို့တွင် အများဆုံးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၉၀ ကျော် ထောင်ဒဏ်များချမှတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.