ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အလုံး ၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လအတွင်း ဧရာဝတီတိုင်းတွင် မိုးသက်လေပြင်းဒဏ်ကြောင့် လူနေအိမ် ၃၄ လုံး ပြိုကျပျက်စီးခဲ့ပြီး၊ နေအိမ် ၂၇ လုံး အမိုးလန်ပျက်စီးခဲ့ကာ အိမ်ထောင်စု ၆၁ တွင်ရှိသည့်ဒေသခံများ လေဘးဒဏ်ခံစားခဲ့ရကြောင်း သိရသည်။
“တစိတ်တပိုင်းပျက်စီးတဲ့အိမ်က ၂၅ လုံးလာက်ပဲရှိတယ်။ လုံးဝပျက်စီခဲ့တဲ့အိမ်တွေက များတယ်။ အိမ်ခြေ ၆၀ ကျော်က စက်တင်ဘာလ ပထမအပတ်ထဲမှာ လေပြင်းဒဏ်ကြောင့် ပျက်စီးတာများခဲ့တယ်။ ဟင်္သာခရိုင်နဲ့ ပုသိမ်ခရိုင်ထဲမှာ လေပြင်းတိုက်ခတ်မှုအများဆုံးဖြစ်ခဲ့တယ်။ လေပြင်းဒဏ်က မိုးဦးကာလနဲ့ အခုလိုမိုးအကုန်ကာလတွေမှာ တိုက်ခတ်တာများတယ်လို့ သတိပေးချင်းတယ်။” ဟု ညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်တစ်လအတွင်း ဧရာဝတီတိုင်းမှ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ သာပေါင်း၊ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကျောင်းကုန်း၊ ဝါးခယ်မ၊ အမာ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ၊ ဘိုကလေး စသည့်မြို့နယ်များတွင် လေပြင်းတိုက်ခတ်သည့်ဒဏ်ကြောင့် အများဆုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“အစ်မတို့ဘက်မှာ နိုဝင်ဘာပထမအပတ် ညနေဘက်က ရုတ်တရက်လေပြင်းတိုက်ခတ်လို့ နေအိမ် ၅ လုံးအထိ ပြို ကျပျက်စီးခဲ့တာ။ အခုအထိ အိမ်ပြန်မဆောက်နိုင်သေးပါဘူး။ ယာယီတဲထိုးနေထိုင်ရပါတယ်။” ဟု မအူပင်မြို့နယ်မှ နေအိမ်ပျက်စီးသွားသည့် ဒေသခံတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် စက်တင်ဘာလအတွင်း လေပြင်းဒဏ်ကြောင့် လူနှင့် တိရစ္ဆာန်များ သေဆုံးခြင်းမရှိသော်လည်း လျှပ်စစ်မီးတိုင်များလဲကျခြင်း၊ ကားလမ်းများပိတ်ဆို့ခြင်း၊ စာသင်ကျောင်းများပြိုကျခြင်း၊ ဘုန်းတော်ကြီးကျောင်းများ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီး၊ လူနှစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
#ခန့်ခန့်
ဓာတ်ပုံ – CJ
#ယနေ့ခေတ်
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်တစ်လအတွင်း လေပြင်းဒဏ်ကြောင့် လူနေအိမ် ၆၀ ကျော်ပျက်စီးခဲ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်