ဧရာဝတီတိုင်းတွင် စားအုန်းဆီတစ်ပိသာ ၉၅၀၀ ကျပ်အထိ ဈေးမြင့်တက်

ရန်ကုန်၊ ဧပြီ ၁၇

ဧရာဝတီတိုင်းတွင် ဧပြီလအတွင်း စားအုန်းဆီဈေး ပြန်လည်မြှင့်တက်လာပြီး တစ်ပိသာလျှင် ၉၅၀၀ ကျပ်အထိ ဈေးတက်လာသဖြင့် စားသုံးသူများ အခက်အခဲဖြစ်ပေါ်နေကြောင်းသိရသည်။

စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဧပြီလ၊ ဒုတိယအပတ်အတွက် စားအုန်းဆီအခြေခံရည်ညွှန်းဈေးသည် တစ်ပိဿာ ၅၀၀၀ ကျော်အဖြစ်သတ်မှတ်ထားပြီး ပြင်ပဈေးကွက်အတွင်း တစ်ပိဿာ ၉၅၀၀ ကျပ်အထိဈေးပေါက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဆီမပါဘဲဟင်းချက်စားနေရတာ ခဏခဏဖြစ်နေပြီ။ ဆီဈေးကကျမယ်မကြံသေးဘူး ပြန်တက်လာတယ်။ အခုလည်း တစ်ပိသာကို ၉၅၀၀ ကျပ်တဲ့။ ဒီလိုခေတ်ဆိုး၊ ခေတ်ပျက်မှာသူဌေးဖြစ်ချင်နေကြတဲ့သူတွေကလည်းများသာ။ ဟိုလွန်ခဲ့တဲ့ ၃ နှစ်တုန်းက တစ်ပိသာဈေး ၂၀၀၀ အထိပြန်မကျရင်နေပါ။ အခြေခံလူတန်းစားတွေ ဆီလေးဝယ်စားနိုင်တဲ့ဈေးလောက်ပေါက်နေရင်ကို ရပါပြီ။” ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ ညောင်တုန်း၊ ပန်းတနော်၊ ဟင်္သာတ၊ လပွတ္တာ၊ မြောင်းမြ၊ အိမ်မဲ၊ အင်္ဂပူ၊ ဇလွန် စသည့်မြို့နယ်များတွင် စားအုန်းဆီဈေးများ အဓိကတက်နေပြီး အခြားမြို့များတွင်လည်း စားအုန်းဆီဈေးတက်နေကြောင်း ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

“ ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့မတ်လက စားအုန်းဆီတစ်ပိသာကို ငွေကျပ် ၇၄၀၀၊ လက်ရှိ ဧပြီလ ၁ ရက်ကနေ ဒီနေ့အထိ စားအုန်းဆီတစ်ပိဿာကို ၉၅၀၀ ကျပ်အထိ ဈေးတက်နေပါတယ်။ လက်ရှိ စားအုန်းဆီဈေး ပြန်လည်မြင့်တက်လာခြင်းက ပြည်ပကဆီတင်သွင်းတဲ့ကုမ္မဏီတွေက ဆီတင်သွင်းမှုလျော့ကျလာခြင်းကြောင့်ဖြစ်တယ်။” ဟု ၎င်းကဆက်ပြော သည်။

ဧရာဝတီတိုင်းသို့ ရန်ကုန်တိုင်းကတဆင့် ပြည်ပနိုင်ငံများမှတင်သွင်းရသည့် စားအုန်းဆီများကို အကန့်အသတ်ဖြင့်သာ တင် သွင်းနေရခြင်းကြောင့်လည်း ဆီးဈေးတက်လာခြင်းဖြစ်သည်ဟု ဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များကဆိုသည်။

ခန့်ခန့်

ယနေ့ခေတ်

ဧရာဝတီတိုင်းတွင် စားအုန်းဆီတစ်ပိသာ ၉၅၀၀ ကျပ်အထိ ဈေးမြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.