အောင်ပန်းတွင် ခရီးသွားယာဥ်တိမ်း​မှောက် ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာရ

အောင်ပန်း၊ ဧပြီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ အောင်ပန်း-တောင်ကြီးသွားလမ်း သရက်ပုရွာ၊ ရေဖြူဘုန်းကြီးကျောင်းရှေ့အနီးတွင် ဧပြီ ၁၂ ရက်၊ ည ၇ နာရီက တောင်ကြီး-ရန်ကုန် ​သွား ရွှေရုပ်​လေး(Express)ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့​ကြောင်း ​နာ​ရေးကူညီမှုအသင်း(​အောင်ပန်း)က သိရသည်။

“ မိုးအရမ်းရာထား​တော့ လမ်းကစလစ်ဖြစ်ပြီး ​ရွှေရုပ်​လေး (Express) ယာဥ်လိုင်း အရှိန်မထိန်းနိုင်ဘဲ တိမ်း​မှောက်သွားတာပါ။ ​ရန်ကုန်ပြန်မယ့်ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှ်သွားပါတယ်။ အမျိုးသမီးနှစ်ဦးက အရိုးထိခိုက်မှု ပြင်းထန်ပါတယ်။” ဟု နာ​ရေးကူညီမှုအသင်း(​အောင်ပန်း)မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ​တောင်ကြီး-​ရန်ကုန် ​ရွှေရုပ်​လေး(Express) ယာဥ်လိုင်းတွင် လိုက်ပါစီးနင်းသူ ခရီးသည်များက ရန်ကုန်ပြန်မည့်သူများဖြစ်ပြီး အမျိုးသား လေးဦး၊ အမျိုးသမီး​လေးဦးတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိပြီး အောင်ပန်းဆေးရုံကြီး အရေးပေါ်ဌာနသို့ နာ​ရေးကူညီမှုအသင်း(အောင်ပန်း)က ကူညီပို့ဆောင်ပေးခဲ့​ကြောင်း သိရသည်။


မြင့်မြတ်​အောင်မြင်

ဓါတ်ပုံ – ​နာ​ရေးကူညီမှုအသင်း(​အောင်ပန်း)

အောင်ပန်းတွင် ခရီးသွားယာဥ်တိမ်း​မှောက် ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.