ရန်ကုန်၊ နိုဝင်ဘာ ၇
ပြည်ပသို့ဆန်တင်ပို့မှုကို ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ ဆန်တန်ချိန်နှစ်သိန်းခန့် တင်ပို့မည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က ပြောကြားထား သော်လည်း လက်တွေ့တွင် တစ်သိန်းကျော်သာ တင်ပို့ထားနိုင်ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခုဘဏ္ဍာနှစ်၏ မီနီဘတ်ဂျက်ကာလအတွင်း ပြည်ပဆန်တင်ပို့မှု ကျဆင်းလာကြောင်း၊ ထို့ကြောင်း Export ကာလဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် ဆန်တန် ချိန် ခုနှစ်သိန်းနီးပါး တင်ပို့မည်ဖြစ်ကြောင်း MRF မှ ပြောကြားထားသည်။
ပြီးခဲ့သည့်အောက်တိုဘာလတွင် ဆန်တန်ချိန် တစ်သိန်းတစ်သောင်းကျော် တင်ပို့ထားခဲ့ကြောင်း သိရသည်။
ထိုသို့လျော့ကျခြင်းသည် ပို့ကုန်မူဝါဒအပြောင်းအလဲများကြောင့် ကုန်သည်များ တင်ပို့မှုရပ်နားထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
“ ပင်လယ်ရေကြောင်းကတော့ ပုံမှန်သွားတယ်။ နယ်စပ်ကသာ တင်ပို့မှုမရှိသလောက်ဖြစ်သွားတာ။ ၅၀/၅၀ ကြောင့်လည်းပါတယ်။ အခုဆိုရင် တိုက်ပွဲတွေကြောင့် နယ်စပ်က လုံးဝပိတ်ထားတော့ ပိုဆိုးတာပေါ့။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းရှစ်သောင်းကျော်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇၁ သန်း ရရှိထား ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။
ဓာတ်ပုံ – အင်တာနက်
အောက်တိုဘာလမှစတင်ကာ ဆန်တန်ချိန်နှစ်သိန်းခန့် တင်ပို့မည်ဟု ခန့်မှန်းထားသော်လည်း တစ်သိန်းကျော်သာ တင်ပို့ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်