ရန်ကုန်၊ စက်တင်ဘာ ၂၉
လာမည့်အောက်တိုဘာမှစ၍ ပြည်ပဆန်တင်ပို့မှု ပြန်လည်အားကောင်းလာမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) ဥက္ကဌ ဦးရဲမင်းအောင်၏ ပြောကြားချက်အရ သိရ သည်။
“ တကယ်တင်ပို့မယ့်အချိန်ကတော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဒီခြောက်လက ဆန်စပါးတင်ပိုမယ့် အားအကောင်းဆုံး အချိန်ကာလပဲဖြစ်ပါ တယ်။” ဟု (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
လက်ရှိမိုးတွင်းကာလ မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွင် ဆန်၊ ဆန်ကွဲတန်ချိန် ၃ သိန်းကျော်၊ ၄ သိန်းနီးပါး တင်ပို့ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်၊ ဆန်ကွဲတန်ချိန် ၂ ဒသမ ၅သန်း ရောင်းချနိုင်ရန် ရည်မှန်းထားပြီး ယင်းမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
“ သူတို့ကသာ ဆန်တင်ပို့မှုကောင်းလာမယ် ဘာညာပြောနေတာ။ အခုဆိုရင် နယ်စပ်ဆန်တင်ပို့မှုက လုံးဝရပ်ဆိုင်းလုနီးပါးဖြစ်နေပြီ။ သူတို့မျှော်မှန်းထားသလောက်က ဒီဘဏ္ဍာနှစ် မသေချာဘူး။ ပြီးတော့ ပို့ကုန်မူဝါဒက အမျိုးမျိုးပြောင်းနေတာ။ ပြီးတော့ ကုန်သည်တွေကလည်း ရှောင်နေကြရတာ။ ဘာမှန်းသေချာမသိရဘူး။” ဟု မူဆယ် ဆန်စပါးကုန်စည်ဒိုင် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စုစု
ဓာတ်ပုံ- ဆန်စပါးရောင်းဝယ်ရေးအသင်း
အောက်တိုဘာမှစ၍ ပြည်ပဆန်တင်ပို့မှု ပြန်လည်အားကောင်းလာမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်