အုပ်စု ၆ စုခွဲ၍ တစ်အုပ်စုကို တစ်ရက်လျှင် လေးနာရီမီးပေးမည်

ရန်ကုန်၊ မတ် ၂၉

ရန်ျကုန်မြို့တွင် ယနေ့မှစ၍ အုပ်စု ၆ စုခွဲကာ တစ်ရက်လျှင် လေးနာရီမီးပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ကလှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်ပါ၍ ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Gas Turbine များမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျှက်ရှိရာ ယနေ့မှစ၍ နံနက်(၀၅:၀၀) အချိန်မှစ၍ ၂၄ နာရီ တစ်ရက်အတွင်းအုပ်စု(၆)ခုဖြင့် ၄ နာရီနှုန်းခန့်သာမီးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မီးပေးရာတွင် ရေတင်နိုင်ရန်အတွက် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်ပေးနိုင်ပါက ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ မေတ္တာရပ်ခံပါသည်ဟု ဆိုသည်။

#စုစု

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

အုပ်စု ၆ စုခွဲ၍ တစ်အုပ်စုကို တစ်ရက်လျှင် လေးနာရီမီးပေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.