အုတ်ဖို့မြို့ရှိ DGB Microfinance Myanmar ၏ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး ​သေဆုံး

ရန်ကုန်၊ ​မေ ၃၀

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖို့မြို့ရှိ DGB Microfinance Myanmar ၏ တောင်ကိုရီးယား Daegu ဘဏ်လုပ်ငန်းခွဲမှ ဒေသခံဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ် ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း ကိုရီးယားအ​ခြေစိုက် Korea JoongAng Daily သတင်းဌာန၏ မေ ၂၈ ရက်​နေ့စွဲဖြင့် ထုတ်ပြန်​ကြေညာချက်အရ သိရသည်။

DGB Microfinance Myanmar Co., Ltd အုတ်ဖိုဌာနခွဲမှ ဦးပြည့်စုံလွင်စိုး(ချေးငွေကြီးကြပ်ရေးမှူး) အသက် ၃၀ နှစ်နှင့် ဦးဖြိုးဝေဇင်(ချေးငွေအရာရှိ) အသက် ၃၂ နှစ်တို့နှစ်ဦးကို ​မေ ၂၁ ရက်က အမည်မသိသေနတ်ပစ်သမားများက ပစ်ခတ်လိုက်ခြင်း​ကြောင့် ​သေဆုံးသွားခြင်းဖြစ်​ကြောင်း အုတ်ဖိုမြို့နယ်မှ​ဒေသခံတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ ဦးပြည့်စုံလွင်စိုး (ချေးငွေကြီးကြပ်ရေးမှူး) အသက် ၃၀ နှစ်နဲ့ ဦးဖြိုးဝေဇင် (ချေးငွေအရာရှိ) အသက် ၃၂ နှစ်တို့နှစ်ဦး ​မေ ၂၁ ရက်က ​သေနတ်ပစ်ခံရပြီး ​သေဆုံးသွားတာ မှန်ကန်ပါတယ်။” ဟု DGB Microfinance Myanmar Co., Ltd အုတ်ဖိုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

DGB Microfinance Myanmar Co., Ltd ကုမ္ပဏီက သေဆုံးသူများ၏ ကျန်ရစ်​သောမိသားစုဝင်များကို ဈာပနကုန်ကျစရိတ် ချက်ချင်းထောက်ပံ့ပေးပြီး ထပ်မံလိုအပ်သည့် ထောက်ပံ့​ကြေးပေးဖို့လည်း စီစဥ်​နေ​ကြောင်း DGB Financial Group မှ ပြောခွင့်ရသူတစ်ဦးက ​ပြောသည်။

တန်ဖိုးထားရသော ဝန်ထမ်းကောင်းများဖြစ်ကြသည့် ဦးပြည့်စုံလွင်စိုး(ချေးငွေကြီးကြပ်ရေးမှူး) အသက် ၃၀ နှစ်နှင့် ဦးဖြိုးဝေဇင်(ချေးငွေအရာရှိ) အသက် ၃၂ နှစ်တို့သည် ​မေ ၂၁ ရက်က လုပ်ငန်းတာဝန်ထမ်း​ဆောင်ရင်း ကွယ်လွန်သွားသည့်အတွက် DGB Company နှင့်တကွ ဝန်ထမ်းများအားလုံးက မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ယူကြုံးမရဝမ်းနည်းကြေကွဲရ​ကြောင်း DGB Microfinance Myanmar Co., Ltd အုတ်ဖိုဌာနခွဲမှ ​မေ ၂၉ ရက်​နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်​စောင် ထုတ်ပြန်ခဲ့သည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – DGB Microfinance Myanmar Co., Ltd

အုတ်ဖို့မြို့ရှိ DGB Microfinance Myanmar ၏ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး ​သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.