အီရန်သမ္မတအသစ်ရွေးချယ်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည်

တဲလ်ရန်၊ မေ ၂၃

အီရန်အာဏာပိုင်များက သမ္မတအသစ်ရွေးကောက်ပွဲကို လာမည့်ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အီရန်သမ္မတ အီဘရာဟင်ရိုင်စီသည် ပြီးခဲ့သောရက်ပိုင်းက နိုင်ငံအရှေ့ဖျားဒေသ အဇာဘိုင်ဂျန်ပြည်နယ်ကို သွားရောက်ချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အီရန်တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် ယာယီသမ္မတတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နိုင်ငံသမ္မတအသစ်ရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင်ကျင်းပရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီသည် ဒုတိယသမ္မတ မိုဟမ်မက် မိုခါဘာကို ယာယီသမ္မတအဖြစ်တာဝန်ယူရန် ခန့်အပ်ခဲ့ကြောင်း သိရသည်။

မိုခါဘာသည် လာမည့်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဟုတ်/မဟုတ်ဆိုသောအချက်ကို အတိအကျမသိသေးကြောင်း သိရသည်။

သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အမည်စာရင်းတင်သွင်းရမည်ဖြစ်ပြီး၊ ဇွန်လ ၁၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ မဲဆွယ်စည်းရုံးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံတွင် သမ္မတအသစ်ရွေးကောက်ပွဲကို ၄ နှစ်တစ်ကြိမ် ပုံမှန်ကျင်းပခဲ့ပြီး ပြည်သူများမှ တိုက်ရိုက်ဆန္ဒမဲပေးရွေးချယ်ရမည်ဖြစ်သည်။

မေလ ၂၀ ရက်နေ့ကဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုတွင် အီရန်သမ္မတ အီဘရာဟင်ရိုင်စီအပြင် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်နှင့် အီရန်အစိုးရအဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးခဲသည်။

ကောင်းထက်ငွေ

rt.com/news

အီရန်သမ္မတအသစ်ရွေးချယ်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.