တဲလ်အဗစ်၊ မေ ၂၁
အစ္စရေးနိုင်ငံသည် အီရန်သမ္မတသေဆုံးမှုနောက်ကွယ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလိုက်သည်။
အစ္စရေးနှင့် အီရန်နိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း တစ်လကျော်အကြာတွင် အီရန်သမ္မတ အီဘရာဟင် ရိုင်စီသည် ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အီရန်သမ္မတအပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်ထိပ်တန်းအရာရှိကြီးများ သေဆုံးခဲ့ကြောင်း သိရသည်။
ရဟတ်ယာဉ်ပျက်ကျကာ အီရန်သမ္မတသေဆုံးခဲ့ပြီးနောက် အဆိုပါသေဆုံးမှုနောက်ကွယ်တွင် အစ္စရေးနိုင်ငံပါဝင်ဆက်နွယ်ဖွယ်ရှိသည်ဆိုသောသတင်းများ ထပ်မံထွက်ပေါ်ခဲ့ သည်။
အစ္စရေးအစိုးရ တာဝန်ရှိသူတစ်ဦးက အီရန်သမ္မတသေဆုံးစေခဲ့သော ရဟတ်ယာဉ်ကျမှုတွင် အီရန်နိုင်ငံပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောသည်။
အီရန်သမ္မတသည် နိုင်ငံအတွင်းရှိ ပြည်နယ်ပေါင်း ၃၀ ကို တစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ် သွားရောက်မည်ဆိုသောကတိအတိုင်း နိုင်ငံအရှေ့ဖျားရှိ အဇာဘိုင်ဂျန်ပြည်နယ်ကို သွားရောက်ချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျမှုနှင့် ရင်ဆိုင်ရခြင်းဖြစ်ကာ ရဟတ်ယာဉ်စက်ချို့ယွင်းခြင်းအပြင် ရာသီဥတုမကောင်းမှုကြောင့် ပျက်ကျရခြင်းဖြစ်သည်ဆိုသော သတင်းများလည်းထွက်ပေါ်နေသည်။
အီရန်ကယ်ဆယ်ရေးသမားများသည် ၁၀ နာရီကျော်ကြာ ရှာဖွေခဲ့ပြီးနောက် အီရန်သမ္မတစီးနင်းခဲ့သော ရဟတ်ယာဉ်ကို ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
rt.com/news
Ebrahim Raisi © Getty Images / Handout / Handout
အီရန်သမ္မတသေဆုံးခြင်းနောက်ကွယ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အစ္စရေးအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်