တဲလ်ရန်၊ ဇူလိုင် ၁
အီရန်နိုင်ငံတွင် ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့သော သမ္မတလောင်းများသည် သတ်မှတ်ထားသည့်မဲအရေအတွက် မရတဲ့အတွက်အီရန်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကို ဇူလိုင် ၅ ရက်နေ့တွင် ထပ်မံယှဉ်ပြိုင်ကျင်းပမည်ဖြစ်ကြောင်း အီရန်ပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။
အီရန်နိုင်ငံဥပဒေတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများသည် ဆန္ဒမဲအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် ရရှိရန်လိုအပ်ကြောင်း သတ်မှတ်ထားရာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလေးဦးစလုံး အဆိုပါမဲအရေအတွက်မရခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲပထမအဆင့်ရလဒ်များအရ ပြုပြင်ပြောင်းလဲရေးသမား မာဆွတ် ပီဇီရှာကန် နှင့် ကွန်ဆာဗေးတစ် သမားတစ်ဦးဖြစ်သူ ဂျာလီလီတို့ ရွေးကောက်ပွဲဒုတိယအကျော့ကို ထပ်မံယှဉ်ပြိုင်ရဖွယ်ရှိနေကြောင်း သိရသည်။
အီရန်သမ္မတအသစ်ရွေးကောက်ပွဲ ပထမအကျော့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအနက်မှ ပီဇီရှာကန်ကမဲပေးခွင့်ရှိသူအားလုံး၏ ၄၂ ရာခိုင်နှုန်း၊ ဂျာလီလီက ဆန္ဒမဲအားလုံး၏ ၃၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ မိုဟမ်မက် ကွာလီဘတ်က ဆန္ဒမဲအားလုံး၏ ၁၃ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် Mostafa Pourmohammadi ဆိုသူက ဆန္ဒမဲအားလုံး၏ ၀ ဒသမ ၈၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်းသိရသည်။
အီရန်နိုင်ငံတွင် မေလ ၁၉ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျခဲ့ရာ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့ရာ သမ္မတရွေးကောက်ပွဲကို ထပ်မံကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အီရန်နိုင်ငံတွင် အယာတိုလာခါမေနီက အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရသည့်အတွက် သမ္မတအဖြစ်ရွေးချယ်ခံမည့်သူသည် ၎င်း၏ထောက်ခံချက်ရရှိရန် အရေးကြီးကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြထားသည်။
ကောင်းထက်ငွေ
npr.org
အီရန်သမ္မတရွေးကောက်ပွဲတွင် သတ်မှတ်မဲအရေအတွက်မရသည့်အတွက် မဲအများဆုံးရသူနှစ်ဦး ထပ်မံယှဉ်ပြိုင်ရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်