အီရန်သမ္မတရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေးသမားဟု သတ်မှတ်ခံထားရသူ အနိုင်ရ

တဲလ်ရန်၊ ဇူလိုင် ၆

အီရန်သမ္မတရွေးကောက်ပွဲကို ဇူလိုင် ၆ ရက်နေ့ကကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်သူ မာဆွတ် ပီဇီရှာကန်က မဲအများဆုံးရရှိခဲ့ပြီး သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

အီရန်သမ္မတဟောင်း အီဘရာဟင်ရိုင်စီသည် ယခုနှစ်မေလက နိုင်ငံအရှေ့ပိုင်းကိုသွားရောက်ချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ရာ အီရန်နိုင်ငံတွင် သမ္မတအသစ်ကို ထပ်မံရွေးချယ်ခဲ့ရကြောင်း သိရသည်။

အီရန်နိုင်ငံတွင် သမ္မအသစ်ရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင်ကျင်းပခဲ့ရာ ပါဝင်ယှဉ်ပြိုင်သူလေးဦးရှိခဲ့ပြီး သမ္မတအဖြစ်သတ်မှတ်ရန် မဲပေးခွင့်ရှိသူအားလုံး၏ အနည်းဆုံးထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကို ရယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထိုအတွက်ကြောင့် အီရန်သမ္မတရွေးကောက်ပွဲကို ဒုတိယအကျော့ပြန်လည်ကျင်းပခဲ့ပြီး ပထမအကျော့ကျင်းပချိန်တွင် မဲအများဆုံးရရှိခဲ့သူနှစ်ဦးကို ထပ်မံယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံရှိ ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်က တစ်ကျော့ပြန်ကျင်းပသော သမ္မတရွေးကောက်ပွဲအတွင်း ပြုပြင်ပြောင်းလဲရေးသမားဟု သတ်မှတ်ခံထားရသူ မာဆွတ် ပီဇီရှာကန်သည် ပြိုင်ဘက်ဂျာလီဆိုသူကို အနိုင်ရခဲ့ကြောင်း၊ ပီဇီရှာကန်က ဆန္ဒမဲစုစုပေါင်း ၁၆ ဒသမ ၄ သန်းကျော်ရရှိခဲ့ပြီး၊ ဂျာလီက ဆန္ဒမဲပေါင်း ၁၃ ဒသမ ၅ သန်းကျော်သာ ရရှိခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

ထပ်မံကျင်းပသော ရွေးကောက်ပွဲကို လူပေါင်းသန်း ၃၀ ကျော်မဲလာပေးခဲ့ပြီး ခွဲစိတ်ဆရာဝန်ဖြစ်သလို ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်သည့် မာဆွတ် ပီဇီရှာကန်က မဲအများဆုံးရ ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကို အီရန်နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ကောင်းထက်ငွေ

aljazeera.com/news

အီရန်သမ္မတရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေးသမားဟု သတ်မှတ်ခံထားရသူ အနိုင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.