အမေရိကန်အစိုးရက အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နှင့် အစ္စရေးနိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်ဖွယ်ရှိနေကြောင်း ယုံကြည်နေသည်။
အစ္စရေးသည် ပြီးခဲ့သောရက်ပိုင်းက ဆီးရီးယားနိုင်ငံကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်စစ်တပ်၏ ဗိုလ်ချုပ်များအပါအဝင် အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။
အီရန်သည် ၎င်းတို့ ဗိုလ်ချုပ်များသေဆုံးမှုအတွက် လက်တုံ့ပြန်မည်ဟု ကြွေးကြော်ထားပြီး၊ အမေရိကန်နှင့် အစ္စရေးနိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်ဖွယ်ရှိနေသည်ဟု အမေရိကန်အစိုးရက ယုံကြည်နေသည်။
အမေရိကန်အစိုးရသည် အီရန်နိုင်ငံ၏လက်တုံ့ပြန်မှုများနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံနှင့် ထောက်လှမ်းရေးအချက်လက်များ မျှဝေထားပြီး လာမည့်သီတင်းပတ်အတွင်း တိုက်ခိုက်ဖွယ်ရှိနေသည်ဟု သတိပေးထားသည်။
အီရန်သည် အစ္စရေးသံရုံးနှင့် သံရုံးဝန်ထမ်းအိမ်ယာများကို ရှာဟတ် ကာမီကာဇီဒရုန်း၊ ခရုဇ်ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက ပြော သည်။
အမေရိကန်သမ္မတနှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုတို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အီရန်နိုင်ငံ၏ဖြစ်နိုင်ဖွယ်ရှိသော တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရ သည်။
အီရန်ဘာသာရေးခေါင်းဆောင် အလီခါမေနီက အစ္စရေးသည် ၎င်းတို့လုပ်ဆောင်သည့်အတိုင်း တူညီသောတုံ့ပြန်မှု ပြန်ရင်ဆိုင်ရမည်ဟု ပြောသည်။
အစ္စရေးအစိုးရက အီရန်နိုင်ငံသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့၊ ဟစ်ဘိုလာအုပ်စုအပြင် အခြားပါလက်စတိုင်းလိုလားသော လက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့ပေးနေကြောင်း၊ အစ္စရေးနိုင်ငံ၏လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း စွပ်စွဲပြောဆိုထားသည်။
အစ္စရေးကာကွယ်ရေးဝန်ကြီးကိုယ်တိုင်က အရှေ့အလယ်ပိုင်းဒေသအတွင်း အစ္စရေးနိုင်ငံကိုဆန့်ကျင့်သူတိုင်း ကြီးမားသောဈေးနှုန်းမျိုးဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းပြောသည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးသည် ဆီးရီးယားနိုင်ငံကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ဗိုလ်ချုပ်များ ကျဆုံးခြင်းများရှိခဲ့ကြောင်း သိရသည်။
ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံနှင့် အီရန်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
trtworld.com/middle-east
Photo: AFP
အီရန်သည် အမေရိကန်နှင့် အစ္စရေးနိုင်ငံသားများကို လာမည့်သီတင်းပတ်အတွင်း ပစ်မှတ်ထားတိုက်ခိုက်ဖွယ်ရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်