အီရန်နှင့် ပါကစ္စတန်နိုင်ငံကြား သံတမန်များ အပြန်အလှန်ခေါ်ယူ

တဲလ်ရန်၊ ဇန်နဝါရီ ၁၈

ပါကစ္စတန်အစိုးရသည် အီရန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးကို ပြန်ခေါ်ယူခဲ့သော်လည်း ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံတမန်များကို မိခင်နိုင်ငံသို့ ပြန်ရန် တားဆီးပိတ်ဆို့မှု များရှိနေခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံသည် ပြီးခဲ့သောရက်ပိုင်းက ပါကစ္စတန်နိုင်ငံအတွင်းရှိ အစွန်းရောက်အဖွဲ့များကို တိုက်ခိုက်ရာမှ နှစ်နိုင်ငံကြားတင်းမာမှုများ ပိုမိုဖြစ်လာခဲ့ပြီး သံတမန်များ ပြန်လည်ခေါ်ယူ ခြင်းများရှိခဲ့သည်။

အီရန်အစိုးရက ပါကစ္စတန်အခြေစိုက် Jaish al-Adl အမည်ရှိ အစွန်းရောက်အုပ်စုသည် အီရန်ရဲတပ်ဖွဲ့ဝင်များသေဆုံးစေခဲ့သော တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ဒရုန်းများ၊ ဒုံး ကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပါကစ္စတန်အစိုးရသည် အီရန်နိုင်ငံ၏တိုက်ခိုက်မှုများကို ဝေဖန်ပြစ်တင်ထားပြီး သံတမန်များကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ မွန်တက် ဇာဟာ ဘလော့ချ်က “ အီရန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေက ပါကစ္စတန်ပိုင်နက် အချုပ်အခြာတွေကို ချိုးဖောက်ခဲ့တာဖြစ်တယ်။ နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂကြေညာစာတမ်းကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။” ဟု ပြောသည်။

အီရန်သည် ပါကစ္စတန်နိုင်ငံဆိုင်ရာ ၎င်းတို့သံအမတ်ကြီးကို ခေါ်ယူခဲ့သော်လည်း အဆိုပါသံအမတ်ကြီးသည် ပါကစ္စတန်နိုင်ငံတွင်သာ ရှိနေဆဲဖြစ်ပြီး၊ ပါကစ္စတန်အစိုးရ အာဏာပိုင် များက ပြန်ခွင့်မပေးသေးကြောင်း သိရသည်။

အီရန်နှင့် ပါကစ္စတန်တို့သည် အစွန်းရောက်အကြမ်းဖက်အဖွဲ့များကို လက်ခံပေးထားခြင်းနှင့်ပတ်သက်ပြီး အပြန်အလှန်ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

အီရန်စစ်တပ်က ၎င်းတို့အနေဖြင့် နိုင်ငံအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် တုံ့ပြန်မှုများ အကန့်သတ်ရှိနေမည်မဟုတ်ကြောင်း ပြောသည်။

အီရန်သည် ပါကစ္စတန်နိုင်ငံရှိ အစွမ်းရောက်အဖွဲ့များကို မတိုက်ခိုက်ခင် အီရတ်နိုင်ငံရှိ အစ္စရေးထောက်လှမ်းရေးအဖွဲ့ နှင့် ဆက်နွယ်သူများကို တိုက်ခိုက်ခဲ့ရာ အီရန်နှင့် အီရတ်နိုင်ငံ ကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်ခဲ့ကြောင်း သိရသည်။

အီရတ်အစိုးရသည် အီရန်၏တိုက်ခိုက်မှုများကို ဝေဖန်ပြစ်တင်ထားပြီး အီရန်နိုင်ငံဆိုင်ရာ အီရတ်သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

အီရန်နှင့် ပါကစ္စတန်နိုင်ငံကြား သံတမန်များ အပြန်အလှန်ခေါ်ယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.