တဲလ်အဗစ်၊ ဧပြီ ၁၄
ပြီးခဲ့သောရက်ပိုင်းက သတင်းများထွက်ပေါ်နေသည့်အတိုင်း အီရန်နိုင်ငံသည် အစ္စရေးနိုင်ငံကို ဧပြီ ၁၃ ရက်နေ့တွင် ဒုံးကျည်များ၊ ဒရုန်းများဖြင့် စတင်တိုက်ခိုက်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။
အီရန်နှင့် အစ္စရေးနိုင်ငံကြား နှစ်ပေါင်းများစွာကြာ တင်းမာမှုများရှိလာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စစ်ဖြစ်လာခြင်းဖြစ်သည်။
အစ္စရေးစစ်တပ်က အစ္စရေးစစ်တပ်နှင့် အခြားနိုင်ငံများသည် အီရန်နိုင်ငံက ပစ်ခတ်တိုက်ခိုက်ခဲ့သော ဒရုန်းများ၊ ဒုံးကျည်များကိုပစ်ချနိုင်ခဲ့ကြောင်း ပြောသည်။
အမေရိကန်သမ္မတက “ အီရန်အပြင် အီရန်ရဲ့အထောက်ပံ့ကိုရရှိနေတဲ့ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အုပ်စု၊ ဆီးရီးယားလက်နက်ကိုင်အုပ်စု၊ အီရတ်နိုင်ငံရှိ လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနိုင်ငံရှိ စစ်ရေးဆိုင်ရာအဆောက်အဦးကို စတင်တိုက်ခိုက်လာခဲ့တယ်။” ဟု ပြောသည်။
အီရန်စစ်တပ်က ၎င်းတို့သည် တိကျသောပစ်မှတ်များကို အဓိကထား ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
အီရန်နိုင်ငံက ပစ်ခတ်လိုက်သောဒုံးကျည်များသည် အစ္စရေးနိုင်ငံကို ထိမှန်ခြင်းများရှိခဲ့သော်လည်း ကြီးမားသောပျက်စီးမှုများ၊ ထိခိုက်သေဆုံးခြင်းများမရှိခဲ့ကြောင်း ပြောသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက အီရန်၏တိုက်ခိုက်မှုများနှင့်ဆက်နွယ်ပြီး အစိုးရအပေါ် အရေးအပေါ် အစည်းအဝေးကျင်းပရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
အီရန်သည် အစ္စရေးနိုင်ငံကို အသေခံဒရုန်းအစင်းရေ ၂၀၀ ကျော်၊ ခရုဇ်ဒုံးကျည်များ၊ ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အစ္စရေးနှင့် မဟာမိတ်နိုင်ငံများက အီရန်၏ဒုံးကျည်နှင့် ဒရုန်းများကို ပစ်မှတ်ထားပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။
ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးကို အစ္စရေး၏တိုက်ခိုက်မှုများကြောင့် အီရန်ဗိုလ်ချုပ်နှစ်ဦးအပါအဝင် အနည်းဆုံးလူ ၇ ဦးသေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ပြီး အီရန်ကလက်တုံ့ပြန်မည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ကောင်းထက်ငွေ
bbc.com/news
အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တုံ့ပြန်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်