အီရန်ဒုတိယသမ္မတကို ယာယီသမ္မတအဖြစ်ခန့်အပ်၊ ရက်ပေါင်း ၅၀အတွင်း သမ္မတအသစ် ရွေးကောက်ဖွယ်ရှိ

ဒူဘိုင်း၊ မေ ၂၁

အီရန်ရွေးကောက်ခံသမ္မတ အီဘရာဟင်ရိုင်စီသည် မေလ ၂၀ ရက်နေ့က နိုင်ငံအရှေ့ပိုင်း၊ အဇာဘိုင်ဂျန်ပြည်နယ်ကို သွားရောက်ချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားခဲ့ပြီးနောက် အီရန်ဒုတိယသမ္မတ မိုဟာမက်မိုခါဘာက အီရန်နိုင်ငံ၏ယာယီသမ္မတအဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက သတင်းထုတ်ပြန်လိုက်သည်။

အယာတိုလာခါမေနီသည် သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဒုတိယသမ္မတအဖြစ်တာဝန်ယူနေသော မိုဟာမက် မိုခါဘာကို ယာယီသမ္မတအဖြစ်တာဝန်ယူရန် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒုတိယသမ္မတဖြစ်သူ မိုခါဘာကို ယာယီသမ္မတအဖြစ်ခန့်အပ်ခဲ့သော်လည်း သမ္မတအသစ်ရွေး ကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

မိုခါဘာသည် နိုင်ငံတကာဥပဒေနှင့်ပတ်သက်ပြီး မဟာဘွဲ့ နှင့် ဒေါက်တာဘွဲ့များကိုရရှိခဲ့ပြီး၊ အီရန်နိုင်ငံ၏တရားရေးဌာနများတွင် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့ဖူးပြီး၊ ၂၀၂၁ ခုနှစ်တွင် အီရန်နိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရသူဖြစ်သည်။

၎င်းသည် အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီနှင့် ဆက်နွယ်သော ရင်းနှီးမြှုပ်နှံ့ကော်မရှင်အဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို အီရန်နိုင်ငံ၏ ကွပ်မျက်မှုကြီးကြပ်ရေးအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

apnews.com

Dmitry Astakhov, Sputnik, Kremlin Pool Photo via AP

အီရန်ဒုတိယသမ္မတကို ယာယီသမ္မတအဖြစ်ခန့်အပ်၊ ရက်ပေါင်း ၅၀အတွင်း သမ္မတအသစ် ရွေးကောက်ဖွယ်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.