တဲလ်ရန်၊ ဇွန် ၂၉
သေဆုံးခဲ့သော အီရန်သမ္မတ အီဘရာဟင်ရိုင်စီ နေရာအစားထိုးရန်အတွက် ဇွန်လ ၂၈ ရက်နေ့က အီရန်နိုင်ငံတွင် သမ္မတအသစ်ရွေးချယ်ပွဲကို စတင်ကျင်းပခဲ့ပြီး ပြည်သူများမဲပေးခဲ့ကြောင်း သိရသည်။
အီရန်သမ္မတ ရိုင်စီသည် ပြီးခဲ့သောလပိုင်းက နိုင်ငံအရှေ့ဖျားကိုသွားရောက်လေ့လာချိန်အတွင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးခဲ့ကြောင်း သိရသည်။
အီရန်ပြည်သူများသည် ဇွန်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော အီရန်သမ္မတရွေးကောက်ပွဲတွင် အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီကို သစ္စာခံသူခြောက်ဦးထဲမှတစ်ဦးကို မဲပေးရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။
အယာတိုလာခါမေနီကို သစ္စာခံသူခြောက်ဦးသည် အီရန်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အယာတိုလာခါမေနီက “ သမ္မတအသစ်ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် မြင့်မားမှုဖို့လိုအပ်တယ်။ အီရန်နိုင်ငံရေရှည်ရပ်တည်နိုင်မှု ခိုင်ခံ့မှုနဲ့ နိုင်ငံဂုဏ်သိက္ခာတွေဟာ ပြည်သူတွေရဲ့တည်ရှိမှုအပေါ်တွင် မူတည်ပါတယ်။” ဟု ပြောသည်။
အီရန်နိုင်ငံတွင် သမ္မတအသစ်တာဝန်ယူမည့်သူသည် အီရန်အစိုးရ၏မူဝါဒါများကို အပြောင်းအလဲလုပ်ဆောင်နိုင်ရန် အလားလာနည်းကြောင်း သုံးသပ်မှုများရှိနေသည်။
အီရန်သမ္မတအသစ်သည် အစ္စရေးကိုဆန့်ကျင့်နေသော အရှေ့အလယ်ပိုင်းလက်နက်ကိုင်အဖွဲ့များကို ကူညီထောက်ပံ့ပေးခြင်း၊ အနောက်အုပ်စုနိုင်ငံများနှင့် အငြင်းပွားနေသည့် နျူကလီးယားအစီစဉ်များနှင့်ပတ်သက်ပြီး မူဝါဒါများကို အပြောင်းအလဲလုပ်ဆောင်နိုင်ဖွယ်မရှိကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် သုံးသပ်ရေးသားကြသည်။
အယာတိုလာ ခါမေနီသည် ၁၉၈၉ ခုနှစ်နောက်ပိုင်းတည်းက အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အီရန်နိုင်ငံသမ္မတများကို ၎င်းနှင့်နီးစပ်သူ၊ ၎င်း၏သစ္စာခံသူများကို အဓိကရွေးချယ်ခန့်အပ်စေခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အီရန်တွင် သမ္မတအသစ်ရွေးကောက်ပွဲများ ပြုလုပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်