ဝါရှင်တန်၊ ဇန်နဝါရီ ၂၂
အီရတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံရခြင်းကို လက်တုံ့ပြန်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အီရန်လိုလားသော အီရတ်လက်နက်ကိုင်အုပ်စုများက အီရတ်တွင်အခြေစိုက်နေသည့် အမေရိကန် စစ်စခန်းများကို တိုက်ခိုက်ခဲ့ပြီး၊ ပြီးခဲ့သောသီတင်းပတ်အတွင်း အရှိန်မြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယအကြံပေးတစ်ဦးဖြစ်သည့် ဂျွန်ဖိနာက “ အဲဒီတိုက်ခိုက်မှုတွေကို တုံ့ပြန်သွားမှာပါ၊ အမေရိကန်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေကို တားဆီးနိုင်ဖို့ လုပ်ဆောင်သွားမယ်။ အမေရိကန်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေကို တာဝန်ယူခြင်းတာဝန်ခံဖြစ်အောင် ပြန်လုပ်ဆောင်သွားမယ်။” ဟု ပြောသည်။
၎င်းက “ အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်စစ်သားတွေကို စစ်မှန်တဲ့ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်။အမေ ရိကန်အစိုးရဟာ ဒီလိုမျိုးတိုက်ခိုက်ခံရမှုတွေကို အလေးနက်ထားဆောင်ရွက်နေပြီဖြစ်ပါတယ်။” ဟု ပြောသည်။
ဂါဇာစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဆီးရီယားနိုင်ငံရှိ အီရန်လိုလားသော လက်နက်ကိုင်အုပ်စုများသည် အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် အစွန်းရောက် ISIS အဖွဲများကို တိုက်ခိုက်ရန်အတွက် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် တပ်ဖွဲ့ဝင်များဖြန့်ကြတ်ချထားခဲ့ပြီး အီရတ်နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၅၀၀ ကျော်နှင့် ဆီးရီးယားနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ ကျော်ရှိနေကြောင်း သိရသည်။
အမေရိကန်သည် လက်ရှိအချိန်တွင် ပင်လယ်နီဒေသအတွင်း တိုက်ခိုက်နေသည့် ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အုပ်စုများကို တိုက်ခိုက်နေပြီး ပြီးခဲ့သောရက်ပိုင်းတွင် ဒုံး ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန် မြင့်တက်လာနေဆဲဖြစ်ရာ အမေရိကန်က အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို တုံ့ပြန်ရန်စီစဉ်လာ ခြင်းဖြစ်သည်။
ကောင်းထက်ငွေ
newvision.co.ug
အီရတ်လက်နက်ကိုင်အုပ်စုများကို လက်တုံ့ပြန်မည်ဟု အမေရိကန်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်