အိမ်ဖြူတော်အငြင်းပွားမှုအပြီးတွင် ဥရောပမဟာမိတ်များက ယူကရိန်းနောက်တွင်ရပ်တည်

လန်ဒန်၊ မတ် ၁

အမေရိကန်သမ္မတက ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားနှင့် ငြိမ်းချမ်းရေးအတွက် အသင့်မဖြစ်ဟုစွပ်စွဲကာ အိမ်ဖြူတော်မှထွက်ခွာစေပြီးနောက် ယူကရိန်း၏ ဥရောပမဟာမိတ်များသည် တနင်္ဂနွေနေ့တွင် လန်ဒန်၌တွေ့ ဆုံရန်ပြင်ဆင်ကာ သမ္မတ ဇီလန်စကီး၏နောက်တွင် ရပ်တည်ခဲ့ကြသည်။

ဇီလန်စကီသည် ဓာတ်သတ္တုသဘောတူညီချက်ကို လက်မှတ်မထိုးဘဲ အိမ်ဖြူတော်မှထွက်ခွာခဲ့ခြင်းကြောင့် ဥရောပခေါင်းဆောင်အများစုသည် ၎င်းအားကာကွယ်ရန် စီစဉ်ခဲ့ကြ သည်။

“ မင်းတစ်ယောက်တည်းမဟုတ်ဘူး” ဟု ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်က ပြောကြားသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတားမာသည် ထရမ့်နှင့် ဇီလန်စကီးတို့ကို စကားပြောခဲ့ပြီး ကိဗ်ကို မယိမ်းယိုင်ထောက်ခံကြောင်း ကတိပြုခဲ့သည်ဟု ကီရာ စတားမာက ပြောကြားသည်။

Ref: BBC

#ယနေ့ခေတ်

အိမ်ဖြူတော်အငြင်းပွားမှုအပြီးတွင် ဥရောပမဟာမိတ်များက ယူကရိန်းနောက်တွင်ရပ်တည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.