ရန်ကုန်၊ စက်တင်ဘာ ၂၉
အိမ်စီးကားဈေးကွက်အတွင်း ဝယ်ရောင်းလုပ်ရင်း ကားပြန်ရောင်းမထွက်သည့်အတွက် အထုပ်ပိုက်မိနေသူ များလာကြောင်း မော်တော်ကားရောင်းဝယ်ရေးအသင်း ဗဟို(ရန်ကုန်) မှ ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောသည်။
ဩဂုတ်လပထမပတ်မှစ၍ ကားဈေးများ ကျဆင်းလာခဲ့သော်လည်း ရောင်းသူသာရှိ၍ ဝယ်သူမရှိသည့်အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလလယ်တွင် အဝယ်ပြန်လိုက် လာသော်လည်း ကားဈေးမှာ အကျဘက်တွင်သာရှိနေကြောင်း သိရသည်။
“ကားဈေးက အကျဘက်မှာပဲရှိတယ်။ တစ်ကယ်လိုအပ်တဲ့လူလောက်ပဲဝယ်တယ်။ အရင် အိမ်စီးကားလောက်ပဲဝယ်နေတဲ့ ဈေးကွက်ထဲမှာ ကားဈေးတွေတက်တဲ့အချိန်ဆိုတော့ သူတို့လည်း ဝယ်ရောင်းဈေးကွက်ထဲ ရောက်လာတယ်။ တစ်စီးဝယ်၊ ပြန်ရောင်း မြတ်နေတော့ သူတို့လည်း ဝယ်ရောင်းတွေဖြစ်လာတယ်။ အခုက ကားဈေးတွေထိုးကျတော့ သူ တို့ဝယ်ထားတဲ့ကားတွေ ပြန်ပိုက်မိနေကြတယ်။ ဈေးလျှော့ရောင်းလည်း အဝယ်ကအဲဒီလောက်မရှိဘူး။” ဟု ဦးအောင်သန်းဝင်းကပြောသည်။
ဂျပန်တစ်ပတ်ရစ်ကား တင်သွင်းခွင့်ပိတ်ထားသည့် နှစ်နှစ်ကျော်ကာလအတွင်း ဂျပန်ကားများ ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး ယခုပြန်ကျလာသည့် ဈေးနှုန်းမှာ ယခင်ဈေး နှုန်းအထိ ပြန်မရောက်သေးကြောင်း၊ ဈေးကွက်အတွင်း လူကြိုက်များသည့် လင်ခရူဆာ အမျိုးအစားမှလွဲ၍ ကျန်မော်ဒယ်မြင့်ကားများသည်လည်း ကျပ်သိန်းငါးရာမှ သိန်းတစ် ထောင်ဝန်းကျင်အထိ ဈေးနှုန်းများ ကျဆင်းလာကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – Myanmar Logistics Guide
အိမ်စီးကားဈေးကွက်အတွင်း ဝယ်ရောင်းလုပ်ရင်း အထုပ်ပိုက်မိနေသူများလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်