အိန္ဒိယ၏ ပဲလိုအပ်ချက် ကြီးမြင့်မှုကြောင့် မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးကောင်းရနေ

ရန်ကုန်၊ ဒီဇင်ဘာ ၇

အိန္ဒိယနိုင်ငံ၏ ယခုဘဏ္ဍာနှစ်အတွင်း ပဲလိုအပ်ချက် ကြီးမြင့်မှုကြောင့် မန္တလေးပဲဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစဉ်းငုံများ ဈေးကောင်းရလျက်ရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်က ပိဿာချိန် ၆၀ ရှိ သုံးတင်းဝင်မတ်ပဲတစ်အိတ် ဈေးနှုန်းသည် ၂၆၀,၀၀၀ ကျပ်ခန့်ပေါက်ဈေးရှိခဲ့ပြီး၊ ဒီဇင်ဘာလ ၆ ရက်တွင် မတ်ပဲတစ် အိတ် ၂၈၅,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

“အိန္ဒိယလိုင်းက တောက်လျှောက်ဝယ်နေတယ်။ မတ်ပဲက မန္တလေးဈေးကွက်မှာ အဟောင်းလက်ကျန် အတော်လေးနည်းသွားပြီ။ အသစ်ကိုပဲ၊ ပဲညံ့ပေမယ့် ပြုပြင်ပြီး တင်နေကြ တယ်။” ဟု တာဝန်ရှိသူက ဆိုသည်။

ပြည်ပဝယ်လိုအားရှိသည့် ပဲစဉ်းငုံကလည်း မန္တလေးဈေးကွက်အတွင်း အမြင့်ဆုံးဈေး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၄ သိန်းအထိရောက်ရှိခဲ့ပြီး ပဲစဉ်းငုံလက်ကျန် ကုန်သ လောက်နီးပါးဖြစ်သွားပြီဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“၂၀၂၄ ဇန်နဝါရီ၊ ဖေဖော်ဝါရီအတွက်ကို သင်္ဘောတင်တွေက ကြိုဝယ်နေကြတယ်။ အိန္ဒိယက ပဲစဉ်းငုံက လိုအပ်ချက်ကြီးမားပါတယ်။” ဟု ကုန်စည်ဒိုင်တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ယခုဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၁၇ ရက်အထိ၊ ပြည်ပသို့ မတ်ပဲနှင့် ပဲစဉ်းငုံအပါအဝင် ပဲမျိုးစုံ တန်ချိန် ၁၀ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ‌ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော်ရရှိထားကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

အိန္ဒိယ၏ ပဲလိုအပ်ချက် ကြီးမြင့်မှုကြောင့် မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးကောင်းရနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.