အိန္ဒိယဝန်ကြီးချုပ် မိုဒီက အခြားနိုင်ငံရေးပါတီများနှင့်ပူးပေါင်းပြီး ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းမည်

နယူးဒေလီ၊ ဇွန် ၇

အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီဦးဆောင်သော (BJP)ပါတီသည် အိန္ဒိယရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် အခြားပါတီများနှင့်ပူးပေါင်းပြီး အစိုးရအဖွဲ့အသစ်ဖွဲ့စည်းရန် သဘာတူညီခဲ့ကြောင်း သိရသည်။

(BJP)ပါတီဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦးပါဝင်မည့် National Democratic Alliance (NDA) သည် လွှတ်တော်နေရာ ၂၉၃ ရရှိမည်ဖြစ်ကာ လွှတ်တော်ကိုထိန်းချုပ်ခွင့်ရမည်ဖြစ် သည်။

(BJP)ပါတီက “ ကျွန်တော်တို့အားလုံးဟာ (NDA)အမည်ရှိ ညွှန်ပေါင်းမဟာမိတ်အဖွဲ့မှာ မိုဒီကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဖို့ ရွေးချယ်ခဲ့တယ်။ (NDA)အစိုးရအဖွဲ့ဟာ အိန္ဒိယနိုင်ငံမှာဘက်စုံဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မှာဖြစ်တယ်။” ဟု ပြောသည်။

မိုဒီသည် အိန္ဒိယရွေးကောက်ပွဲတွင်အနိုင်ရပြီးနောက် ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက် ဆက်လက်တာဝန်ယူခွင့်ရမည်ဖြစ်ရာ နှစ်ပေါင်း ၆၀ အတွင်း အိန္ဒိယနိုင်ငံသမိုင်းတွင် သုံးကြိမ်ဆက်တိုက်ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ်တာဝန်ယူခွင့်ရသူဖြစ်လာခဲ့ကြောင်း သိရသည်။

မိုဒီသည် လာမည့် မေလ ၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အဖြစ် ထပ်မံကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြကြသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ ရွေးကောက်ပွဲရလဒ်က ကျွန်တော်ရဲ့အစီအစဉ်တွေကို ဆက်လက်လုပ်ကိုင်ဖို့ ခွင့်ပြုလိုက်တာပါ။ ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက်တာဝန်ယူချိန်အတွင်း ကြီးမားတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှာဖြစ်သလို၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် သမိုင်းစာမျက်နှာအသစ်တွေ ထပ်မံဖွင့်လှစ်ရမယ်။ ရွေးကောက်ပွဲရလဒ်က အဲဒီအလုပ်တွေ ထပ်မံလုပ်ဆောင်ဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်။” ဟု ပြောသည်။

မိုဒီသည် မဟာမိတ်ညွှန်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းရန် TDP ပါတီ နှင့် JDU ပါတီတို့နှင့် ပူးပေါင်းခဲ့ပြီး အဆိုပါပါတီနှစ်ခုက အစိုးရအဖွဲ့အတွင်း အဓိကဝန်ကြီးနေရာများ တောင်းဆိုဖွယ်ရှိနေသည်ဟု ခန့်မှန်းမှုများရှိနေသည်။ အဆိုပါတီနှစ်ခုသည် ရွေးကောက်ပွဲတွင် လွှတ်တော်နေရာပေါင်း ၂၈ နေရာပေါင်းရရှိခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အခြားနိုင်ငံရေးပါတီများနှင့်ပူးပေါင်းပြီး ညွှန်ပေါင်းအစိုးရ ဖွဲ့စည်းမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.