အိန္ဒိယပိုင်နက် နာကွန်ဒန်ကျွန်းပေါ်တွင် မြန်မာနိုင်ငံသား ၆ ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ဟု အိန္ဒိယအစိုးရ ဆို

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉

အိန္ဒိယရဲတပ်ဖွဲ့သည် အန်ဒမန်နှင့် နီကိုးဘားကျွန်းနားရှိ နာကွန်ဒန်ကျွန်းတွင် တွေ့ခဲ့ရသော မြန်မာနိုင်ငံသားငါးဖမ်းသမား ၆ ဦး၏ ရုပ်အလောင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

အိန္ဒိယရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ၁၀ ဦးသည် အိန္ဒိယနိုင်ငံပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါမြန်မာနိုင်ငံသား ၁၀ ဦးအနက် ၆ ဦးက ကျွန်းပေါ်ရှိတောထဲတွင် အစာရေစာပြတ်လပ်ကာ သေဆုံးခဲ့ကြောင်း ပြောသည်။ ကျန်ရှိသော မြန်မာနိုင်ငံသားလေးဦးအနက် နှစ်ဦးမှာပျောက်ဆုံးနေဆဲဖြစ်ပြီး အခြားနှစ်ဦးကို ဖမ်းဆီးထားကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။

မြန်မာနိုင်ငံသား မုဆိုးခြောက်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သော နာကွန်ဒါကျွန်းသည် အိန္ဒိယနိုင်ငံအရှေ့ဘက်ပိုင်းရှိ ကျွန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံပိုင်နက်တစ်ခုဖြစ်သော ကိုကိုကျွန်းမှ ၁၂၉ ကီလိုမီတာအကွာတွင်ရှိနေကြောင်း သိရသည်။

အဆိုပါမြန်မာနိုင်ငံသား ၁၀ ဦးလိုက်ပါခဲ့သောလှေသည် ဖေဖော်ဝါရီ ၂ ရက်၊ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ်တာမြို့မှ စတင်ထွက်ခွာခဲ့ပြီး ရက်ပေါင်း ၂၀ စာ စားသုံးနိုင်မည့် အစားအစာနှင့် ဓါတ်ဆီများကို တင်ဆောင်လာခဲ့ကြောင်း သိရသည်။

လပွတ်တာမြို့တွင်နေထိုင်နေသာ မြန်မာနိုင်ငံသား မျိုးလွင်ဦးခေါင်းဆောင်သော မြန်မာနိုင်ငံသား ၁၀ ဦးသည် ပင်လယ်ပြင်သို့ခရီးထွက်ချိန်အတွင်း ဆန်အလေးချိန် ၂၀၀ ကီလိုဂရမ်၊ ဒီဇယ် ၁၀၀၀ လီတာနှင့် အခြားလိုအပ်သောပစ္စည်းများကို ယူဆောင်လာခဲ့ကြောင်း၊ စကားပြန်အဖြစ်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံသား အောင်ကျော်မြင့်က ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ခရီးစဉ်အတွင်း ပါလာသောစားနပ်ရိက္ခာ ကုန်ခမ်းသွားချိန်တွင် နာကွန်ဒန်ကျွန်းမှာ နေထိုင်ခဲ့ရကြောင်း သိရသည်။

ကောင်းထက်ငွေ

theprint.in

အိန္ဒိယပိုင်နက် နာကွန်ဒန်ကျွန်းပေါ်တွင် မြန်မာနိုင်ငံသား ၆ ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ဟု အိန္ဒိယအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.