အာရှ-ပစီဖိတ်ဒေသငြိမ်းချမ်းရေးအတွက် အမေရိကန်သည် အဓိကအရေးပါသော နိုင်ငံဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဆို

စင်ကာပူ၊ ဇွန် ၃

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက အမေရိကန်နိုင်ငံသည် အာရှ-ပစီဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးအတွက် အဓိကအရေးပါသောနိုင်ငံဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင်ကျင်းပသော ရှန်ဂရီလာအစည်းအဝေးပွဲအတွင်း မိန့်ခွန်းပြောဆိုရာမှာ ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိအချိန်တွင် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် အငြင်းပွားမှုများရှိနေကာ တရုတ်နိုင်ငံ၏ဖိအားများကို ရင်ဆိုင်နေရကြောင်းသိရသည်။

ဖိလစ်ပိုင်သမ္မတက ၎င်းတို့နိုင်ငံနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများသည် တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းနေကြောင်း၊ သို့သော်လည်း နိုင်ငံအချို့က ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေကြောင်း ပြောသည်။

သို့သော်လည်း ၎င်းတို့နိုင်ငံသည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး နိုင်ငံအချုပ်အခြာ၊ ပိုင်နက်၊ စီရင်ပိုင်ခွင့်များ ချိုးဖောက်ခံရမှုများ ဆက်လက်ရင်ဆိုင်နေရကြောင်း၊ထိုအပြင် ရန်စမှုများ၊လည်း ရင်ဆိုင်နေရေကြောင်း ပြောသည်။

စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သော ရှန်ဂလာရီလာ လုံခြုံရေးဖိုရမ်တွင် ကမ္ဘာတဝှမ်းမှ ကာကွယ်ရေးဝန်ကြီးအများစု တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပြီးခဲ့သောနှစ်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံမှုများရှိလာခဲ့ရာ ဖိလစ်ပိုင်က အမေရိကန်နိုင်ငံထံမှ အကူညီများရယူနိုင်ရန်ကြိုးပမ်းနေကြောင်း သိရသည်။

အဆိုပါအစည်းအဝေးအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောထားအမြင်ကွဲလွဲမှုများရှိလာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတက တရုတ်နိုင်ငံသည် ဒေသအတွင်း သြဇာလွမ်းမိုးနိုင်ရန်နှင့် ဒေသအတွင်းစီးပွားရေးဆင့်ကဲဖြစ်စဉ်များ ဖြစ်လာစေရန် အမြဲတမ်းလုပ်ဆောင်နေကြောင်း ပြော သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် အဆိုပါအစည်းအဝေးတွင် မိန့်ခွန်းပြောဆိုချိန်အတွင်း တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဝင်တိုက်ခိုက်ခဲ့သော တရုတ်သင်္ဘောများ၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com/asia

အာရှ-ပစီဖိတ်ဒေသငြိမ်းချမ်းရေးအတွက် အမေရိကန်သည် အဓိကအရေးပါသော နိုင်ငံဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.