အာရှလမ်းသစ်တွင် ကားသေးများနှင့် ဆိုင်ကယ်များအား အချိန်ပိုင်းသွားလာခွင့်ပြုနေ

ရန်ကုန်၊ သြဂုတ် ၂၁

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်၊ အာရှလမ်း၌ ပျက်စီးသွားသည့် လမ်းပိုင်းအစား တောင်ပတ်ချဥ်းကပ်လမ်းသစ် ဖောက်လုပ်နေရာ ပြီးစီးလုနီးပါဖြစ်၍ အဆိုပါလမ်းမှ ကား သေးများနှင့် ဆိုင်ကယ်များကို အချိန်ပိုင်းဖြတ်သန်းခွင့် ပြုထားကြောင်း ဒေသတွင်းယာဥ်မောင်းများထံမှ သိရသည်။

ဖြတ်သန်းခွင့်ပြုထားချိန်မှာ နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ တစ်ကြိမ်၊ ညနေ ၅ နာရီမှ ၆ နာရီအထိ တစ်ကြိမ်၊ နှစ်ကြိမ်ဖြတ်သန်းခွင့်ပြုထားကြောင်း ဒေသတွင်းယာဥ်မောင်းများ ထံမှ သိရသည်။

“ နေ့လည်ထမင်းစားနားချိန်နဲ့ ညနေအလုပ်သိမ်းချိန် ဆိုင်ကယ်တွေနဲ့ ကားသေးတွေပေးဖြတ်နေပြီ။ တစ်ရက်၂ ကြိမ်ပေးဖြတ်တယ်။ တစ်ကြိမ်ကို တစ်နာရီလောက်ကြာအောင် ပေး ဖြတ်တယ်” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၇ ရက်က မြဝတီ-ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ် (၁၄၉)နှင့် (၁၅၀)ကြားတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ပေ ၁၅၀ ခန့် ရာသီဥတုအခြေအနေကြောင့် ပဲ့ကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပျက်စီးသွားသည့်လမ်းပိုင်အား မော်တော်ယာဥ်များ ယာယီသွားလာနိုင်ရန် ဘေလီတံတားထိုးခြင်းနှင့် လမ်းပြတ်ကျသည့်နေရာ၌ တစ်ဖက်တစ်ချက်စီတွင် ပေ ၃၀၀ ချဉ်း ကပ်လမ်းသစ်ကို တောင်ဖြတ်ဖောက်လုပ်ခြင်းများ သြဂုတ် ၁၀ ရက်မှစတင်ကာ လုပ်ဆောင်နေကြောင်း နိုင်ငံပိုင်သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

“ မြေသားလမ်းသစ်မှာ weight ကားတွေမောင်းဖို့ မဖြစ်နိုင်ဘူး၊ ၁၂ ဘီးနဲ့ တွဲကားတွေသွားဖို့မဖြစ်နိုင်သေးဘူး။ နောက် ရာသီဥတုလည်းကြည့်သွားရတယ် မိုးရွာလာရင် စိတ်ပူရ တယ်” ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါလမ်းပိုင်းပြီးစီးရန် အချိန်အနည်းငယ် ထပ်မံကြာမြင့်နိုင်ပြီး မြဝတီ၌သောင်တင်နေသည့် ကုန်တင်ယာဥ်မောင်းများမှာလည်း အချိန်ကာလကြာမြင့်လာ၍ အခက်အခဲများဖြစ် လာကြောင်း ၎င်းတို့၏ပြောပြချက်အရ သိရသည်။

ထို့နည်းတူ ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ်ကုန်စည်များမှာလည်း ဈေးနှုန်းများမြင့်တက်လာခြင်း ပစ္စည်းများပြတ်လပ်လာခြင်း စသည့်အခက်အခဲများရှိလာခဲ့ကြောင်း ဈေးကွက် လေ့လာချက်များအရ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – ချမ်းမြေ့

#ယနေ့ခေတ်

အာရှလမ်းသစ်တွင် ကားသေးများနှင့် ဆိုင်ကယ်များအား အချိန်ပိုင်းသွားလာခွင့်ပြုနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.