ရန်ကုန်၊ သြဂုတ် ၂၀
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်၌ ယနေ့ နံနက်ပိုင်းက ခရီးသည်တင်ယာဥ်တစ်စီး ပစ်ခတ်ခံရ၍ ယာဥ်ပေါ်ပါ ခရီးသည်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေ သခံများထံမှ သိရသည်။
ယနေ့ သြဂုတ် ၂၀ ရက်၊ နံနက် ၉ နာရီခွဲ ဝန်းကျင်ခန့်က အာရှလမ်းပေါ်၊ သင်္ကန်းညီနောင်အပိုင်၊ တောင်ပေါ်လမ်း၊ ကွမ်းခြံကုန်းအနီး၌ မြဝတီဘက်မှ ကော့ကရိတ်မြို့သို့ မောင်းနှင် လာသည့် ခရီးသည်တင် အံစာတုံးကား(Hiace) ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
“ သူတို့က လမ်းပြင်တဲ့ဆီကနေ ဘက်ဟိုးတွေကိုတင်ပြီး မြဝတီဘက်ကိုပြန်လာတာ၊ ပစ်တာက ဘက်ဖိုးတင်လာတဲ့ကားကိုပစ်တာ သူတို့ပစ်တဲ့အချိန်မှာ မြဝတီကနေ ကော့ကရိတ် ကိုသွားတဲ့ ခရီးသည်တင် အံစာတုံးကား (Hiace) နဲ့က မျက်နှာချင်းဆိုင်အဖြတ်ဆိုတော့ ခရီးသည်ကားက တန်ဆာခံဖြစ်သွားတဲ့ သဘောပါ၊ ခရီးသည်တွေက မစိုးရိမ်ရပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိပစ်ခတ်ခံရသည့်နေရာမှာ လမ်းပြုပြင်နေသည့်နေရာနှင့်ဝေးပြီး ပစ်ခတ်ချိန်၌လည်း တိုက်ပွဲများဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
“ တိုက်ပွဲမဖြစ်ဘူး၊ လာပစ်တာ၊ လမ်းပျက်ပြီးနှစ်ရက်လောက်မှာ ကော့ကရိက လမ်းဦးစီးတက်လာပြီး ဘေလီတံတားထိုးဖို့တက်လာတော့ စနိုက်ပါနဲ့လှမ်းပစ်လို့ အကုန်ပြန်လှည့် သွားရတယ်လေ။ ဒီနေ့လဲ အဲ့နားတိုက်ပွဲရှိပါဘူး၊ ခုပုံစံတိုင်းဆို လမ်းပြီးဖို့ ၁၀ ရက်ကျော်လောက်ကြာအုံးမယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုလို ပစ်ခတ်ရမှုကြောင့် ခရီးသည်တင်ယာဥ်ပေါ်မှ ခရီးသည်အမျိုးသားနှစ် ဦး၊ အမျိုးသမီးတစ်ဦး၊ ပေါင်းသုံးဦးမှာ ခြေထောက်များ၌ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၇ ရက်က ရာသီဥတုကြောင့် လမ်းမြေပြိုကျပျက်စီးသွားခဲ့သည့် အာရှလမ်းပိုင်အား ဘေလီတံတားထိုးခြင်းလုပ်ငန်းများ လုပ်ဆောင်နေပြီး ယာဥ်ငယ်များသွား လာနိုင်ရန်အတွက် ဘေးရှောင်လမ်း ဖောက်လုပ်နေကြောင်း သိရသည်။
အစားထိုးအသုံးပြုနေသည့် ဒေါနတောင်လမ်းဟောင်းအား သြဂုတ် ၁၃ ရက်မှစတင်ကာ တစ်ရက်ဆင်း၊ တစ်ရက်တက်စနစ်ဖြင့် ဖြတ်သန်းသွားလာနေကြပြီး ယင်းလမ်းကို အသုံး ပြုသည့်ကား များလာ၍ ယာဥ်ကြောကြပ်မှုနှင့် အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ၎င်းစနစ်အား အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါလမ်းတည်ဆောက်မှုမှာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဆိုသော်လည်း ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းမှာ ကြန့်ကြာနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။
ဂျူဂျူး
ဓာတ်ပုံ – အင်တာနက်
အာရှလမ်းပေါ်၌ ခရီးသည်တင်ယာဥ် ပစ်ခတ်ခံရ၍ သုံးဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်