အာဆီယံ ၁၀ နိုင်ငံက အမေရိကန်ဒေါ်လာအသုံးလျော့ချပြီး ပြည်တွင်းငွေကြေး ပိုမိုသုံးစွဲရန် ကြိုးပမ်းနေ

ဂျာကာတာ၊ မေ ၂၁

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံသည် ကုန်သွယ်ရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုများကို လျော့ချပြီး ပြည်တွင်းငွေကြေးအသုံးပြုမှုများကို အရှိန်မြင့်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဘရူးနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနိးရှား၊ လာအို၊ မလေးရှားအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံသည် ကုန်သွယ်မှုများတွင် ပြည်တွင်းငွေကြေးအသုံးပြုမှုများကို ပိုမိုအရှိန်မြင့်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုစုပေါင်းဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၄ ထရီလီယံရှိနေပြီး ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှု အပြီးတိုင်စွန့်လွှတ်မည်ဆိုလျှင် အမေရိကန်အစိုးရ၏ ဒေါ်လာအသုံးပြုမှုများ ကမောက်ကမဖြစ်လာဖွယ်ရှိနေသည်။

အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဒေါ်လာအသုံးပြုမှုများကို လျော့ချရေးကို အရှိန်မြင့်ကြိုးပမ်းနေပြီး သမ္မတဝီဒိုဒိုက အမေရိကန်ဒေါ်လာအသုံးပြုမှုကို စွန့်လွှတ်ကာ ပြည်တွင်းငွေကြေး ပိုမိုအသုံးပြုရန် နိုးဆော်နေကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ အကြွေးမြင့်တက်လာမည်ကို စိုးရိမ်နေသည့်အတွက် အမေရိကန်ဒေါ်လာအစား ပြည်တွင်းငွေကြေးအသုံးပြုမှုများကို အရှိန်မြင့်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုချမှတ်ခြင်းများကလည်း ကုန်သွယ်ရေးနှင် ငွေကြေးကဏ္ဍများတွင် အမေရိကန်ဒေါ်လာရယူနိုင်မှုကို သက်ရောက်မှုများဖြစ်လာခဲ့ကြောင်း သိ ရသည်။

ကောင်းထက်ငွေ

watcher.guru/news

အာဆီယံ ၁၀ နိုင်ငံက အမေရိကန်ဒေါ်လာအသုံးလျော့ချပြီး ပြည်တွင်းငွေကြေး ပိုမိုသုံးစွဲရန် ကြိုးပမ်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.