အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးမည်

ကမ်ဘာရာ၊ မတ် ၄

သြစတြေးလျနိုင်ငံတွင်ကျင်းပမည့် အာဆီယံနှင့် သြစတြေးလျတို့၏ ထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံ၏ လက်ရှိအခြေနေများနှင့် မြန်မာနိုင်ငံ၏ လူသားချင်းဆိုင်ရာ စာနာမှုအခြေအနေများကို အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

သြစတြေးလျနိုင်ငံသည် အာဆီယံအဖွဲ့၏ ပထမဆုံးမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး၊ ယခုသီတင်းပတ်အတွင်းတွင်အာဆီယံနှင့် သြစတြေးလျနိုင်ငံကြား မိတ်ဖက်အဖြစ်ဆောင်ရွက်မှု နှစ် ၅၀ ပြည့်မည်ဖြစ်ရာ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထိပ်သီးအစည်းအဝေးကို သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှလွှဲ၍ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်ဖွယ်ရှိနေပြီး တီမောလစ်နိုင်ငံခေါင်းဆောင်ကိုလည်း လေ့လာသူနိုင်ငံအဖြစ် တက်ရောက်ရန် ဖိတ်ကြားခဲ့သလို၊ နယူးဇီလန်ဝန်ကြီးချုပ်လည်း တက်ရောက်ဖွယ်ရှိနေကြောင်း သိရသည်။

သြစတြေးလျဝန်ကြီးချုပ်က “ သြစတြေးလျနိုင်ငံဟာ အာဆီယံဒေသကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ဒေသအဖြစ် ရူမြင်ထားတယ်။ ကျွန်တော်တို့ရဲ့ဆက်ဆံရေး ခိုင်မာ အားကောင်းရေးဟာ အနာဂတ်လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေမှုနဲ့ ဆက်နွယ်နေတယ်။” ဟု ပြောသည်။

သြစတြေးလျသည် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် တင်းမာမှုများရှိနေခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း သိရသည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုများလည်း မကြာခဏဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

apnews.com

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.