ဂျာကာတာ၊ ဇန်နဝါရီ ၉
မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို ကူညီပေးနိုင်ရန်အတွက် အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံရေးအခက်ခဲတွင် ပါဝင်နေ သည့် အဖွဲ့စည်းများနှင့် စေ့စပ်ဆွေးနွေးမှု ၂၆၅ ကြိမ်အထိ လုပ်ဆောင်ပေးခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ဆိုသည်။
အင်ဒိုနီးရှားအစိုးရသည် ၂၀၂၃ ခုနှစ်က အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အာဆီယံ သဘောတူညီချက်ငါးချက်ကို လက်တွေ့အကောင်ထည်ဖော်နိုင်ရန် မြန်မာနိုင်ငံရေးအခက်ခဲတွင် ပါဝင်နေသည့်အဖွဲ့စည်းများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက “ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးနဲ့ တည်ငြိမ်ရေးရှိမှသာ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းနိုင်ဖွယ်ရှိနေတယ်။ အဲဒီလိုမျိုးဖြစ်မှသာ ရိုဟင် ဂျာတွေဟာ အိမ်ပြန်နိုင်ဖွယ်ရှိပါတယ်။” ဟုပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများ ဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံရေးအခက်ခဲကို ဖြေရှင်းနိုင်ရန် ကြားဝင်ကြိုးပမ်းခဲ့ပြီး အာဆီယံ သဘောတူညီချက်ငါးချက် ရယူနိုင်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနိးရှားနိုင်ငံတို့သည် မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန် ကြားဝင်ကြိုး ပမ်းခဲ့သော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ကို လာအိုနိုင်ငံက ရယူထားပြီး လာအိုအစိုးရသည် မြန်မာနိုင်ငံရေး အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာအို ဝန်ကြီးချုပ်ရုံး ဝန်ကြီးကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီဖြစ်သည်။ လာအိုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်းတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
en.antaranews.com
#ယနေ့ခေတ်
အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများနှင့် ၂၆၅ ကြိမ်ဆွေးနွေးခဲ့ဟု အင်ဒိုနီးရှားအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်