ရန်ကုန်၊ ဖေဖော်ဝါရီ ၁
အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်တစ်ခုဆီသို့ ကူးပြောင်းနိုင်ရေးအတွက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန်၊ အာဆီယံကိုယ်စားလှယ်များနှင့် အဓိပ္ပါယ်ပြည့်ဝပြီး အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများပြုလုပ်ရန် နစကကိုတိုက်တွန်းကြောင်း အမေရိကန်အပါအဝင် နိုင်ငံအဖွဲ့စည်း ၉ ခု၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကိုဖယ်ရှားခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် များစွာသောပြည်သူများမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ဆိုးရွားလှသည့် အခြေအနေများကို ဆက်လက်တွေ့ကြုံနေကြရ သည်။ ထို့အပြင် အခြားလူများစွာမှာလည်း မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်သို့ မိမိသဘောဆန္ဒမပါဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ၊ လူပေါင်း ၂.၆ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြရ ပြီး၊ လူပေါင်း ၁၈ သန်းကျော် အကူအညီလိုအပ်လျက်ရှိရာ ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုကျယ်ပြန့်လျက်ရှိနေသည်ဟု ထပ်မံဖော်ပြထားသည်။
စစ်အာဏာသိမ်းမှု သုံးနှစ်ကြာမြင့်ခဲ့သည့်အချိန်တွင် မြန်မာပြည်သူများနှင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် စစ်မှန်သောဒီမိုကရေစီစနစ်တစ်ခု ပေါ်ထွက်လာရေးအတွက် ၎င်းတို့ထားရှိသည့် ဆန္ဒလိုလားချက်တို့နှင့်အတူ မိမိတို့ တစ်သားတည်း ဆက်လက်ရပ်တည်လျက်ရှိနေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကောင်းထက်ငွေ
regjeringen.no
အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန် အမေရိကန်နှင့် အဖွဲ့အစည်းများ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်