ဘန်ကောက်၊ ဇန်နဝါရီ ၂၈
လာအိုနိုင်ငံက အိမ်ရှင်အဖြစ် နှစ်ရက်ကြာကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံသည် နိုင်ငံရေးအရကိုယ်စားမပြုသော အစိုးရတာဝန်ရှိသူတစ်ဦးကို စေလွှတ်သွားဖွယ်ရှိနေကြောင်း သိရသည်။
လာအိုနိုင်ငံသည် Luang Prabang မြို့တွင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်နေ့မှစတင်ပြီး နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးအရကိုယ်စားမပြုသူတစ်ဦး ပြန်လည်တက်ရောက်ဖွယ်ရှိနေကြောင်း သိရသည်။

အာဆီယံသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်ကတည်းက နစကအဖွဲ့ခေါင်းဆောင်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခွင့်မပေးပဲ နိုင်ငံရေးအရကိုယ်စားမပြုသူသာ စေလွှတ်ရန်ဖိတ်ကြားခဲ့ပြီး၊ မြန်မာအစိုးရကလည်း နိုင်ငံရေးအရကိုယ်စားမပြုသော ကိုယ်စားလှယ်တစ်ဦး စေလွှတ်ရန် ငြင်းဆန်ခဲ့ပြီး၊ အင်ဒိုနိးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်အတွင်း ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ရာ နစကအဖွဲ့နှင့် စေ့စပ်ဆွေးနွေးရန်ဆန္ဒရှိနေပြီး၊ ဇန်နဝါရီလအစောပိုင်းက အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံကိုလာရောက်ကာ နစကအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လာအိုနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်ရာ မြန်မာအရေးအပြင်၊ တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုများကို အဓိကထား ဖြေရှင်းရဖွယ်ရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
bangkokpost.com
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နိုင်ငံရေးအရကိုယ်စားမပြုသူ မြန်မာကိုယ်စားလှယ်စေလွှတ်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်