အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

လမ်ပရာဘမ်၊ မတ် ၅

လာအိုနိုင်ငံတွင် မတ်လ ၅ ရက်နေ့တွင် စတင်ကျင်းပခဲ့သော အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကာကွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ရာ နစကအဖွဲ့သည် အာဆီယံအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံနှင့် နစကအဖွဲ့ကြားရရှိထားသော အာဆီယံသဘောတူညီချက်ငါးချက်ကို သိသာတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် နစကအဖွဲ့ခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီးများအပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများကို အာဆီယံအဖွဲ့၏ အဓိကအစည်းအဝေးများ တက်ရောက်ခွင့်တားမြစ်ထားကြောင်း သိရသည်။

နှစ်စဉ်ကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း အဆိုပါအစည်းအဝေးနှင့်နီးစပ်သူများက ပြောသည်။

ပြီးခဲ့သောဇန်နဝါရီလက လာအိုနိုင်ငံ Luang Prabang ဒေသတွင်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံခြားရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလွန်ဆန်က မတ်လ ၅ ရက်နေ့တွင်ကျင်းပခဲ့သော အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လာခြင်းသည် မြန်မာပြည်သူများနှင့် သက်ဆိုင်ရာအဖွဲ့စည်းအားလုံးအတွက် အကျိုးကျေးဇူးဖြစ်လာဖွယ်ရှိနေသည်ဟု ဆိုသည်။

ထိုင်းကာကွယ်ရေးဝန်ကြီးက အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်ရေးအတွက် အများသဘောတူညီရေးဆိုင်ရာ ကိစ္စရပ်များကို ကျဉ်းမြောင်းလာစေမည်ဟု မျှော်လင့်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။

အဆိုပါ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးနှင့်ပတ်သက်ပြီး အဓိကထားဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

ကောင်းထက်ငွေ

asia.nikkei.com

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ တက်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.