အသွင်ယူဖမ်းဆီးမှုများရှိနေသည့်အတွက် ပြင်ပဒေါ်လာဈေးကွက် အရောင်းအဝယ် ရပ်ဆိုင်းနေ

ရန်ကုန်၊ စက်တင်ဘာ ၅

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်နေသူများကို ဗဟိုဘဏ်က အသွင်ယူဖမ်းဆီးများရှိနေသည့်အတွက် ပြင်ပဒေါ်လာဈေးကွက်တွင် အရောင်း အဝယ်ရပ်ဆိုင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်က Dollar Buy/Sell Market and News နှင့် ယူရို၊ ဒေါ်လာရောင်းဝယ်ပို့ဆောင်လိုသူများ ဆုံစည်းရာ Euro Dollar Trading Group စသည့် နာ မည်များဖြင့် Facebook ပေါ်တွင် ငွေကြေးအရောင်းအဝယ် လုပ်နေသူများကို သတ်မှတ်ပေါက်ဈေး ၁ ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ ပြင်ပဈေး ၂,၉၀၀ ကျပ်ကျော်ထက် ကျော်လွန်၍ အရောင်းအဝယ်ပြုလုပ်နေသည်ဟုဆိုကာ ဗဟိုဘဏ်က အသွင်ယူဖမ်းဆီးခဲ့သည်။

“ အခုဆိုရင်ဗဟိုဘဏ်က အသွင်ယူဖမ်းဆီးနေတာတွေရှိတော့ ငွေကြေးဈေးကွက်ထဲမှာ အရောင်းအဝယ် မရှိသလောက်ဖြစ်သွားတယ် ။ မလွှဲသာ မရှောင်သာတဲ့သူလောက်ပဲ အ ရောင်းအဝယ်လုပ်ကြတယ်” ဟု ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်သူတဦးက ပြောသည်။

ဗဟိုဘဏ်သတ်မှတ်ထားသည့် ဒေါ်လာရည်ညွှန်းဈေးမှာ အမေရိကန် ၁ ဒေါ်လာ လျှင် ၂,၁၀၀ ကျပ်၊ လိုင်စင်ရ ငွေလဲကောင်တာများတွင် ၁ ဒေါ်လာ ၂,၉၂၀ ကျပ် သတ်မှတ်ထားပြီး ယင်းထက်ပိုရောင်းချခြင်းမပြုရန် ဗဟိုဘဏ်က အသိပေးထားသည်။

MFTB နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အ‌ရေးယူမှုများအပြင် ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်ဝေခြင်း စသည့်အကြောင်းရင်းများကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာကာ ပြင်ပဈေးကွက်၌ ၁ ဒေါ်လာ ၃၇၀၀ နီးပါးအထိ ရှိနေခြင်းဖြစ်သည်။

စုစု

ဓာတ်ပုံ-fb

#ယနေ့ခေတ်

အသွင်ယူဖမ်းဆီးမှုများရှိနေသည့်အတွက် ပြင်ပဒေါ်လာဈေးကွက် အရောင်းအဝယ် ရပ်ဆိုင်းနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.