ဝါရှင်တန်၊ ဇန်နဝါရီ ၂၇
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် စာရေးဆရာမ E Jean Carroll ကို နစ်နာမှုလျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၃ သန်းပေးရမည်ဟု အမေရိကန်တရား ရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
မက်ဟတ်တန်တရားရုံးသည် ဒေါ်နယ်ထရမ့်ကို စာရေးဆရာမ E Jean Carroll ၏ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသော အသရေဖျက်စေမှုအတွက် လျော်ကြေး အမေရိကန်ဒေါ်လာ ၈၃ သန်းပေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိသည်။
ဒေါ်နယ်ထရမ့်က စာရေးဆရာမသည် ပြီးခဲ့သောနှစ်ပေါင်း ၃၀ နီးပါးက အဓမ္မပြုကျင့်ခံရဖူးကြောင်း ပြောဆိုခဲ့ပြီး၊ စာရေးဆရာမက ဒေါ်နယ်ထရမ့်ကို အသရေပျက်စေမှုအတွက် စွဲ ချက်တင်တရားစွဲခဲ့ကြောင်း သိရသည်။
အမေရိကန်စာရေးဆရာမက ၎င်းအနေဖြင့် အဓမ္မပြုကျင့်ခံရမှုမရှိခဲ့ကြောင်း တုံ့ပြန်ထားသည်။
ဒေါ်နယ်ထရမ့်သည် လာမည့်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရန် အလားလာကောင်းနေသူအဖြစ် သတ်မှတ်ခံထားရပြီး စာရေးဆရာမ E Jean Carroll နှင့်ဖြစ်ပွားသော အမှုတွင် တရားခွင်အများစုကို တက်ရောက်ခဲ့ကြောင်း သိရသည်။
တရားရုံးက သမ္မတဟောင်းဒေါ်နယ်ထရမ့်အနေဖြင့် စီရင်ချက်ကို မကျေနပ်ပါက အယူခံဝင်ခွင့်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ဒေါ်နယ်ထရမ့်က တရားရုံး၏ဆုံးဖြတ်ချက်ကို အယူခံဝင်ဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်က ဆိုးရွားလွန်းကြောင်း ပြောသည်။
ဒေါ်နယ်ထရမ့်က ၎င်းသည် ၁၉၉၀ ခုနှစ်က စာရေးဆရာမကို Bergdorf Goodman အဆောက်အဦး၏ အဝတ်စားလဲခန်းအတွင်း အဓမ္မပြုကျင့်ခဲ့ဖူးကြောင်း ထုတ်ဖာ်ပြောဆိုထားရာ စာရေးဆရာမက ဒေါ်နယ်ထရမ့်ကို ၂၀၁၉ ခုနှစ်တွင် စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်နှင့် အမေရိကန်စာရေးဆရာမတို့ ဖြစ်ပွားသောအမှုသည် ဒေါ်နယ်ထရမ့်အတွက် အမေရိကန်သမ္မတဖြစ်ရေး ကြိုးပမ်းမှုများကို သက်ရောက်မှုရှိလာနိုင်ကြောင်း သိရ သည်။
ဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုခွင့်ရမည့် သမ္မတလောင်းအဖြစ် ပါတီအတွင်းယှဉ်ပြိုင်နေရာ အလားလာကောင်းနေကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
အသရေပျက်မှုအတွက် ဒေါ်နယ်ထရမ့်ကို ဒေါ်လာ ၈၃ သန်းကျော် နစ်နာကြေးပေးရန် အမေရိကန်တရားရုံးဆုံးဖြတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်