အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်ခဲ့သည့် အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်း

ရန်ကုန်၊ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်ခဲ့သည့် အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်း ကြောင်း အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ လုပ်ငန်းရှင် ၂၅၄ ဦးကို MGMA အသင်းအနေဖြင့် အကြောင်းကြားစာ သုံးကြိမ်ပေးပို့ခဲ့သော်လည်း ပြန်လည်ဆက်သွယ်လာခြင်းမရှိသည့်အတွက် အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အထည်ချုပ်‌စက်ရုံတော်တော်များများက အော်ဒါတွေမရလို့ ပိတ်ထားရတာတွေရှိတယ်။ ဆက်ပြီးမလည်ပတ်နိုင်တော့ဘူး။ ရှေ့ဆက်ပြီးတော့လည်း လျော့လာနိုင်တယ်။” ဟု အလုပ်သမားရေးရာ ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၌ အသင်းဝင်ထားသည့် အသင်းသားဦးရေ ၈၁၉ ဦးရှိခဲ့ပြီး၊ အသင်းသား ၂၅၄ ဦးသည် ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကြေး ပေးသွင်းရန် ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိရပ်ဆိုင်းခံခဲ့ရသည့် အသင်းသားများအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA သို့ ပြန်လည်အသင်းဝင်လိုပါက အသင်းတွင် ပေးသွင်းရန် ကျန်သည့်အကြွေးများကို ပြန်လည်ပေးသွင်းပြီးမှသာ အသင်းသားသစ်အဖြစ် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်ခဲ့သည့် အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.