ရန်ကုန်၊ နိုဝင်ဘာ ၂၈
မြောက်ဒဂုံတွင်နေထိုင်သည့် အသက် ၇၁ နှစ်အရွယ်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ နှစ်ပတ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်မတွေ့သေးကြောင်း မိသားစုဝင်များ၏ပြောပြချက်အရ သိရသည်။
အဆိုပါအမျိုးသမီးသည် နိုဝင်ဘာ ၉ ရက်၊ နေ့လည် ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မုန့်ဝယ်မည်ဟုဆိုကာ နေအိမ်မှထွက်သွားပြီး ပြန်ရောက်မလာခြင်းဖြစ်ကြောင်း သိရသည်။
“ ၉ ရက်နေ့ ညနေက အိမ်ကနေမုန့်ဝယ်ဖို့သွားရင်း ပျောက်သွားတာပါ။ ဖုန်းမပါသွားဘူး။ ပထမ မြောက်ဒဂုံထဲမှာတွေ့တယ်ပြောကြလို့ ညီမနဲ့အဖေသွားရှာပါတယ်။ တွေ့တဲ့အချိန်နဲ့ သတင်းရတဲ့အချိန်က ကွာသွားတော့ ညီမတို့ရှာတဲ့အချိန် မတွေ့တော့ဘူး။ နောက် မြို့ထဲ ရွှေတိဂုံဘုရားပေါ်မှာတွေ့ပါတယ်။ အခု သရက်တောဘက်မှာတွေ့တယ်လို့ပဲ သတင်းကြားတာ၊ ဆက်မကြားရတော့ဘူး။ အဝတ်ကတော့ ညအိပ်အကျီ အဖြူလေးပါ။ အမေ့ကိုတွေ့တဲ့လူတွေက အဝတ်ပြောင်းဝတ်ထားတယ်ပြောပါတယ်ရှင့်။” ဟု မိသားစုဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုအခါ မိသားစုများက သက်ဆိုင်ရာရဲစခန်းနှင့် မီးသတ်ဌာနသို့ အကြောင်းကြားထားကြောင်း၊ အဆိုပါအမျိုးသမီးသည် သတိမေ့တတ်ကြောင်းလည်း သိရသည်။
ပျောက်ဆုံးနေသည့် အမျိုးသမီးကိုတွေ့ရှိပါက ဖုန်း 09766035005 သို့မဟုတ် 09795593051 သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မိသားစုဝင်များက အသိပေးထားသည်။
#စုစု
ဓာတ်ပုံ – မိသားစုဝင်
#ယနေ့ခတ်
အထူးသတင်း
အသက် ၇၁ နှစ်အရွယ်အမျိုးသမီးတစ်ဦး နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်