အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ နှစ်ရက်ကြာသည်အထိ ပြန်မတွေ့သေး ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်မြို့၊ ဆူးလေ၊ ရွှေဘုံသာလမ်းအနီးရှိ မျက်မှန်ဆိုင်ရှေ့တွင် နိုဝင်ဘာ ၁၉ ရက်၊ နေ့လည် ၁ နာရီခန့်က အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး ပျောက်ဆုံးခဲ့ပြီး နှစ်ရက်ကြာသည်အထိ ပြန်မတွေ့သေးကြောင်း ၎င်း၏မိသားစုဝင်များက ယနေ့ခေတ်သို့ ပြောကြားသည်။

အဆိုပါအမျိုးသမီး၏အမည်မှာ ဒေါ်လှဝင်းဖြစ်ပြီး အသက် ၆၀ နှစ်ရှိပြီဖြစ်ကြောင်း၊ ၎င်းပျောက်ဆုံးချိန်တွင် အင်္ကျီပန်းရောင်နှင့် ပါတိတ်ထမီအဝါဝတ်ထားပြီး ထီးတစ်ချောင်းနှင့် ရေတစ်ဗူးပါကြောင်း သိရသည်။

“ ဆူးလေ ရွှေဘုံသာအနီးအနား မျက်မှန်ဆိုင်ရှေ့မှာရပ်နေရင်း ပျောက်သွားတာပါ။ မှတ်ဉာဏ်သိပ်မကောင်းတော့လို့ပါ။ အင်္ကျီပန်းရောင်နဲ့ ပါတိတ်အဝါလေး ဝတ်ထားပါတယ်။ ထီးတစ်ချောင်းနဲ့ ရေဗူးလေးတစ်ဗူးပါတယ်။ ဘယ်နေရာမှာတွေ့တွေ့ လာပြောပေးကြပါ။ ထိုက်တန်စွာကျေးဇူးဆပ်ပါမယ်။” ဟု ၎င်း၏မိသားစုဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုအခါ ပန်းဘဲတန်းရဲစခန်း၌ လူပျောက်တိုင်ထားပြီး၊ မိဘပြည်သူများအနေဖြင့် အဆိုပါ ပျောက်ဆုံးနေသည့်အမျိုးသမီးကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉- ၄၂၁၀၅၆၇၉၅၊ ၀၉၄၂၁၀၅၃၈၉၄ သို့ဆက်သွယ်နိုင်ကြောင်း မိသားစုဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

#စုစု
ဓာတ်ပုံ – မိသားစုဝင်တစ်ဦးက ပေးပို့သည်။
#ယနေ့ခေတ်

အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ နှစ်ရက်ကြာသည်အထိ ပြန်မတွေ့သေး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.