ရန်ကုန်၊ ဧပြီ ၈
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နယ်သို့ပြန်မည့်သူများ အဝေးပြေးကားလက်မှတ်ဝယ်ယူရန် ခက်ခံနေကြောင်း ခရီးသည်များ၏ပြောပြချက်အရ သိရသည်။
YRTC အနေဖြင့် အဝေးပြေးကားလက်မှတ်များကို ကြိုတင်မရောင်းချရန် ညွှန်ကြားထားသော်လည်း ယာဉ်လိုင်းများက မတ်လအတွင်းမှာပင် လက်မှတ်များကိုရောင်းချထားခဲ့ကြောင်း သိရသည်။

“ အခုကလက်မှတ်တွေ ဝယ်မရတော့ဘူး။ တချို့က ကြိုဖြတ်ထားကြတာ။ ဝယ်လို့ရတော့လည်း လက်မှတ်တွေက ဈေးမတရားတတ်နေတယ်။ အဆင်မပြေဘူး။” ဟု သင်္ကြန်ရုံးပိတ်ရက် နယ်သို့ပြန်မည့်ခရီးသည်တစ်ဦးက ပြောသည်။
ထိုသို့ အဝေးပြေးကားလက်မှတ်များ အရောင်းသွက်နေသည့်အတွက် ကြိုတင်လက်မှတ်ဖြတ်မှ ရနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ အဝေးပြေးကားစီးရေ ၇၅၀ နီးပါး နေ့စဥ်ပြေးဆွဲနေပြီး ခရီးသည် ၁၂,၀၀၀ နီးပါး လိုက်ပါလေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏စာရင်းအရ သိရသည်။
သတင်း- #စုစု
ဓာတ်ပုံ – #ယနေ့ခေတ်
#ယနေ့ခေတ်
အဝေးပြေးကားလက်မှတ်များ လက်ကျန်နည်း၍ ဝယ်ယူရခက်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်