အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြပွဲများတွင်ပူးပေါင်းမည်ဟု တောင်ကိုရီးယားဆရာဝန်ကြီးများ ခြိမ်းခြောက်

ဆိုးလ်၊ မတ် ၁၃

တောင်ကိုရီးယား ဆေးတက္ကသိုလ်ပါမောက္ခများသည် ဆန္ဒပြပွဲများတွင်ပါဝင်လာမည်ဟု ခြိမ်းခြောက်လိုက်ပြီးနောက် တောင်ကိုရီးယားကျန်းမာရေးလောကအတွင်း ခက်ခဲရှုပ်ထွေးမှုများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရက ဆရာဝန်အရေအတွက် တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်အစီစဉ်များကို အပြောင်းအလဲလုပ်ဆောင်လာခဲ့ပြီးနောက် အလုပ်သင်ဆရာဝန်များက ဦးဆောင်ဆန္ဒပြလာခဲ့ခြင်းဖြစ်သည်။

အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြမှုသည် သီတင်းသုံးပတ်ကြာမြင့်နေပြီး ဆေးရုံများတွင် ဆရာဝန်များမရှိသည့်အတွက် ဆရာဝန်များဆန္ဒပြနေခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ဆေးရုံများတွင် ဆရာဝန်များအလုံလောက်မရှိဘဲ အခက်ခဲဖြစ်နေခဲ့ပြီး၊ တောင်ကိုရီးယားအစိုးရက လုပ်ငန်းခွင်ပြန်ဝင်သော ဆရာဝန်များကို ဆေးကုသခွင့်ဆိုင်းငံ့ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးက “ ပါမောက္ခကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အလွန်မင်းစိုးရိမ်မိပါတယ်။ စီနီယာဆရာဝန်တွေနဲ့ ပါမောက္ခတွေဟာ ဆန္ဒပြနေတဲ့ အလုပ်သင်ဆရာဝန်တွေကို လုပ်ငန်းခွင်ပြန်ဝင်လာစေဖို့ စည်းရုံးပေးသင့်ပြီး ဆန္ဒပြပွဲတွေမှာပါဝင်တာမျိုး မလုပ်ဆောင်သင့်ဘူး။” ဟု ပြောသည်။

တောင်ကိုရီးယား နာမည်ကျော်ဆေးတက္ကသိုလ်များရှိ ပါမောက္ခများက အစိုးရသည် အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြပွဲများကို အဆုံးသတ်နိုင်ရန် ကြောင်းကျိုးဆီလျော်သော ဖြေရှင်းဆောင်ရွက်မှုမရှိပါက ၎င်းတို့လည်း ဆန္ဒပြပွဲများတွင်ပါဝင်လာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးက “ ဆရာဝန်တွေ ဆန္ဒပြနေတာတွေဟာ လူနာတွေရဲ့ကျန်းမာရေးနဲ့ အသက်ရှင်သန်နေထိုင်မှုတွေကို ခြိမ်းခြောက်လိုက်တာမျိုးဖြစ်တယ်။ပါမောက္ခဆရာဝန်တွေကို အလုပ်သင်ဆရာဝန်တွေရဲ့ ဆန္ဒပြပွဲတွေမှာမပါဝင်ဖို့ တိုက်တွန်းလိုတယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com

အလုပ်သင်ဆရာဝန်များ၏ ဆန္ဒပြပွဲများတွင်ပူးပေါင်းမည်ဟု တောင်ကိုရီးယားဆရာဝန်ကြီးများ ခြိမ်းခြောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.