ရန်ကုန်၊ နိုဝင်ဘာ ၁၇
အမြန်လမ်းရှိ တိုးဂိတ်အချို့၌ ည ၁၀ နာရီနောက်ပိုင်းတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားခွင့် တားမြစ်မှုများရှိကြောင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သွားလာနေသူတစ် ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ အမြန်လမ်းမှာ ၂၄ နာရီဖြတ်သန်းခွင့်ပြုထားတယ်လို့ အသိပေးကြေညာမှုတွေ ရှိနေပေမယ့် အချို့တိုးဂိတ်တွေမှာ ည ၁၀ နာရီနောက်ပိုင်းဆို ဖြတ်သန်းသွားခွင့် မပြုတော့ပါဘူး။ ညဘက်သွားလာသူတွေအနေနဲ့ မနက် ၄ နာရီအချိန်မှ ပြန်လည်ဖြတ်သန်းခွင့်ပြုပါတယ်။ ညဘက်မှာ လမ်းမှာပဲအိပ်ကြရတယ်။” ဟု ရန် ကုန်-မန္တလေးအမြန်လမ်းတွင် သွားလာ နေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရန်ကုန်-မန္တလေးအပါအဝင် အမြန်လမ်းအချို့တွင် ည ၁၂ နာရီနောက်ပိုင်း ဖြတ်သန်းမှုကို တားမြစ်ကန့်သတ်ထားသော တိုးဂိတ်များမှာ Zero မိုင်ဂိတ်နှင့် ၃၃၅ မိုင်ဂိတ်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်-မန္တလေးအမြန်လမ်းကို ညလုံးပေါက် မောင်းနှင်ဖြတ်သန်းခွင့်ပြုထားပြီး နေပြည်တော်၊ တောင်ငူ၊ မိတ္ထီလာ အစရှိသောဒေသများအား နေ့ချင်းပြန်သွားလာမှုများရှိ ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ည ၁၀ နာရီနောက်ပိုင်း ဖြတ်သန်းသွားလာမှုများကို ကန့်သတ်လိုက်ခြင်းကြောင့် ညပိုင်းထွက်သည့် အဝေးပြေးယာဉ်များကို လိုက်ပါစီး နင်းသူ လျော့နည်းသွားကြောင်း အဝေးပြေးခရီးသည်တင် Express ယာဥ်မောင်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဓာတ်ပုံ- CJ
အမြန်လမ်းရှိ တိုးဂိတ်အချို့တွင် ည ၁၀ နာရီနောက်ပိုင်း ဖြတ်သန်းခွင့် ပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်