အမြန်လမ်းတွင် အိမ်စီးကားတိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၀

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး ရှေ့ယာဘက်ဘီးပေါက်၍ တိမ်းမှောက်ခဲ့ပြီး တစ်ဦးသေဆုံးပြီး၊ ခြောက်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၁၉ ရက်၊ ည ၁၁ နာရီဝန်းကျင်ခန့်က ရန်ကုန်မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၃၆/၄-၅ ဖာလုံကြားတွင် MITSUBISHI အဖြူရောင်ယာဉ်သည် ရေနံချောင်းဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာစဉ် ရှေ့ယာဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲ ကုက္ကိုပင်အားဝင်တိုက်ခဲ့၍ တိမ်းမှောက်ခဲ့ပြီး အသက် ၄၀ ဝန်းကျင်ခန့် အမျိုးသားတစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး၊ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အိမ်းသုံးကားပဲ ရေနံချောင်းဘက်ကပြန်လာတာဗျ။ မန္တလေးကိုပြန်တာပေါ့။ မိုင်တိုင် ၃၃၆/၄နဲ့၅ ကြားမှာ ရှေ့ယာဘက်ဘီးပေါက်သွားတာ။ ကုက္ကိုပင်ကို ဝင်တာတယ်။ ယာဉ်မောင်းတစ်ဦးသေဆုံးပါတယ်။ အသက်က ၄၀ ပတ်လည်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာတော့ ခြောက်ဦးလောက်ရှိတယ်ဗျ။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူတို့အား အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တံတားဦးဆေးရုံကြီးသို့ ပို့ဆောင်းပေးခဲ့ကြောင်း သိရသည်။

ပြီခဲ့သည့် ဧပြီ ၁၃ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီးတိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဧပြီလလည်အတွင်းကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှု‌ပေါင်း ၇ နှစ်ကြိမ်ရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-အမြန်လမ်းမီးသတ်

ယနေ့ခေတ်

အမြန်လမ်းတွင် အိမ်စီးကားတိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.