ရန်ကုန်၊ ဇန်နဝါရီ ၆
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှု ၁၄၀ မှုရှိခဲ့ပြီး၊ သေဆုံးသူ ၅၁ ဦးနှင့် ဒဏ်ရာရရှိသူ ၂၉၃ ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်မှ သိရသည်။
၂၀၂၄ ခုနှစ်အတွင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ၁၄၀ မှုနှင့် ကလေးငယ်အပါအဝင် သေဆုံးသူ ၅၁ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ကလေးငယ်များနှင့် သံဃာတော်များအပါအဝင် ၂၉၃ ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ယာဉ်တိုက်မှုကတော့ ၁၄၀ အထိရှိခဲ့ပြီး၊ သေဆုံးသူကတော့ ၅၁ ဦးထိရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူက စုစုပေါင်းဆို ၂၉၃ ရှိပါတယ်။ ယာဉ်တိုက်မှုက မနှစ်ကထက်စာရင် ဒီနှစ်တော့ နည်းပါတယ်။ အမြန်လမ်းမှာ ယာဉ်ကိုသတိထားပြီးမောင်းပေးပါ။” ဟု အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဇန်နဝါရီ ၂ ရက်နေ့ကလည်း၊ ရန်ကုန်မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၉၀/ ၇)ဖာလုံအနီးတွင် နေပြည်တော်သို့မောင်းနှင်လာသည့် CHEVROLE MALIBU အမျိုးအစားယာဉ်ပေါ်မှ ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်းရှိ ဘယ်ရီယာတုံးကို ဝင်တိုက်ခဲ့ခြင်းကြောင့် မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-အမြန်လမ်းမီးသတ်တပ်ဖွဲ့
#ယနေ့ခေတ်
အမြန်လမ်းတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှု ၁၄၀ မှုဖြစ်ပွားပြီး ၅၁ ဦးသေဆုံးကာ ၂၉၃ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်