နေပြည်တော်၊ ဧပြီ ၁၄
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၉၂/၇) နှင့် (၁၉၃/၀) ဖာလုံအကြားတွင် ဧပြီ ၁၃ ရက်၊ နံနက် ၃ နာရီခွဲက ခရီးသည်တင် Express နှင့် Hijet တို့ အရှိန်ပြင်းထန်စွာတိုက်မိပြီး လူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ယာဉ်မတော်ဆမှုဖြစ်ပွားကြောင်း သတင်းရရှိလို့ ပလွေးအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင် ၅ ဦးနဲ့ ပလွေးအမြန်လမ်းရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင် ၁၀ ဦးတို့ အတူကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ပါတယ်။ လူ ၂၈ ဦး ထိခိုက်ဒဏ်ရာရလို့ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးထားပါတယ်။” ဟု အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အခင်းဖြစ်စဉ်တွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ခရီးသည်အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၇ ဦးတို့အား တင်ဆောင်လာသည့် ခရီးသည်တင် Express (ဖြူ/လိမ္မော်ကြား) ရောင်ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော Hijet (အဖြူ) ရောင်ယာဉ်မှ အရှိန်းမထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မီပြီး ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ခရီးသည်တင် Express ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းနှင် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း Hijet ယာဉ်ပေါ် ပါ ယာဉ်မောင်းနှင့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး(မစိုးရိမ်ရ)တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ထိခိုက်ဒဏ်ရာရ လူနာ ၆ ဦးအား အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – အမြန်လမ်းမီးသတ်တက်ဖွဲ့
အမြန်လမ်းတွင် ခရီးသည်တင် Express နှင့် Hijet တို့တိုက်မိ၊ ၆ ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်