ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲမှုများကြောင့် ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစတင်ကာ အမ်းမြို့နှင့်အနီးတစ်ဝိုက်တွင် နစကတပ်နှင့် AA တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“တိုက်ပွဲတွေကဆက်ဖြစ်နေတော့ လိုအပ်ချက်တွေက များနေဖို့ပဲရှိတာ။ လတ်လောအရေးပေါ်လိုအပ်တာက အခြေခံစားသောက်ကုန်တွေ။ ဆန်၊ ဆီ၊ ဆားပေါ့။ အနွေးထည်နဲ့ စောင်တွေလည်းလိုအပ်နေပါတယ်။” ဟု စစ်ဘေးရှောင်များကိုကူညီနေသူတစ်ဦးက ပြောသည်။
အမ်းမြို့သည် ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင်တည်ရှိပြီး ရခိုင်ပြည်နယ်သို့ဝင်ရောက်ရာတွင် ကုန်းလမ်းပိုင်းအရ အရေးပါသည့်မြို့ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်ရှိ အမ်း-ပဒါန်းကားလမ်းတွင်လည်း AA နှင့် နစကတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
#ခန့်ခန့်
Photo-CJ
#ယနေ့ခေတ်
အမ်းမြို့မှ စစ်ဘေးရှောင် ၃၀၀၀ ကျော် အကူအညီများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်