ဝါရှင်တန်၊ အောက်တိုဘာ ၄
အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်များသည် အောက်လွှတ်တော်ဥက္ကဌဖြစ်သူ ကီဗင်မက်ကာသီကို အောက်တိုဘာ ၃ ရက်နေ့က အယုံကြည်မရှိအဆို တင်သွင်းပြီး ရာထူးမှဖြုတ်ချလိုက်ကြောင်း သိရသည်။
ကီဗင်မက်ကာသီကို အယုံအကြည်မရှိကြောင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ အောက်လွှတ်တော် ကိုယ်စားလှယ်များထဲတွင် မက်ကာသီကိုဖယ်ရှားရန် ထောက်ခံမဲ ၂၁၆ မဲ၊ ကန့်ကွက်မဲ ၂၁၀ မဲရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အောက်လွှတ်တော်ဥက္ကဌကို ရာထူးမှဖြုတ်ချရန် ကြိုးပမ်းမှုသည် သမိုင်းဝင်အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။
မက်ကာသီကို ရာထူးမှဖြုတ်ချရန် မဲပေးခဲ့သူ ၂၁၆ ဦးထဲတွင် ရီပတ်ဘလီကန်ပါတီ အမတ် ၈ ဦးနှင့် ဒီမိုကရက်တစ်ပါတီ အမတ် ၂၀၈ ဦးတို့ မဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သည့် အစိုးရဘတ်ဂျတ်ရန်ပုံငွေ ခွင့်ပြုပေးရေးနှင့် ပတ်သက်ပြီး မက်ကာသီသည် အမေရိကန်အစိုးရ အေဂျင်စီများကို Shutdown မဖြစ်စေရန် အတွက် အမေရိကန်အစိုးရကို ကာလတိုရန်ပုံငွေ သုံးစွဲခွင့်ပေးမည့် သဘောတူညီချက်ကို အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်ပါတီ အမတ်များနှင့် ဆွေးနွေးညှိနှိုင်းကာ သဘော တူညီမှုစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဌ မက်ကာသီနှင့် ရီပတ်ဘလီကန်ပါတီအတွင်းရှိ သဘောထားတင်းမာသော အမတ်များကြား အငြင်းပွားမှုများဖြစ်ပွားခဲ့ရာ ရီပတ်ဘလီကန်ပါတီ အမတ်တစ်ဦးဖြစ်သော Matt Gaetz က မက္ကာသီကို အောက်လွှတ်တော်ဥက္ကဌရာထူးမှ ဖြုတ်ချရန် ဦးဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန် အောက်လွှတ်တော်တွင် ရီပတ်ဘလီကန်ပါတီအမတ် ၂၂၁ ဦးရှိနေပြီး ဒီမိုကရက်တစ်ပါတီအမတ် ၂၁၂ ဦးရှိနေကြောင်း သိရသည်။
Matt Gaetz က မက်ကာသီသည် ယူကရိန်းကို အကူအညီများ ဆက်ပေးနိုင်ရန်အတွက် အမေရိကန်အစိုးရနှင့် လျိုဝှက်စာချုပ်များ ချုပ်ဆိုထားကြောင်း ဝေဖန်စွပ်စွဲထားသည်။
မက်ကာသီသည် ဇန်နဝါရီလတွင် အောက်လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်ခံရပြီး Matt Gaetz အပါအဝင် ရီပတ်ဘလီကန်ပါတီအတွင်းရှိ သဘောထားတင်းမာသော လွှတ်တော် ကိုယ်စားလှယ်အချို့က မက်ကာသီကို အောက်လွှတ်တော် ဥက္ကဌအဖြစ်ခန့်ထားရန် ထောက်ခံမဲမပေးခဲ့ကြောင်း သိရသည်။
အမေရိကန် အောက်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလျံချီ အကူညီပေးခြင်းများနှင့် ပတ်သက်ပြီး လိုလားနှစ်သက်ခြင်းမရှိ ကြောင်း သိရသည်။
ရာထူးမှဖြုတ်ချခံလိုက်ရသော ကီဗင်မက်ကာသီ၏ အောက်လွှတ်တော်ဥက္ကဌနေရာကို မည်သူဆက်ဆံမည်ဆိုသည်ကို အတိအကျမသိသေးကြောင်း သတင်းများတွင် ဖော်ပြထား သည်။
ကောင်းထက်ငွေ
အမေရိကန် အောက်လွှတ်တော်ဥက္ကဌကို လွှတ်တော်ကိုယ်စားလှယ်များ ရာထူးမှဖြုတ်ချ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်