အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ ကွယ်လွန်

ဝါရှင်တန်၊ နိုဝင်ဘာ ၃၀

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ဦးဖြစ်သလို အငြင်းပွားဖွယ်ရာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ဖူးသည့် ဟင်နရီကစ်ဆင်ဂျာသည် နိုဝင်ဘာ ၂၉ ရက်နေ့က ၎င်း၏နေအိမ် တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးချိန်တွင် အသက် ၁၀၀ ရှိနေပြီဖြစ်သည့် ဟင်နရီကစ်ဆင်ဂျာသည် အမေရိကန်သမ္မတနှစ်ဦးလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန် အမျိုးသားလုံခြုံရေး အကြံ ပေးအရာရှိ စသောတာဝန်များကို ရယူခဲ့သူဖြစ်ကြောင်း သိရသည်။

ဟင်နရီကစ်ဆင်ဂျာသည် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒများကို အဓိကမောင်းနှင်ခဲ့သူတစ်ဦးအဖြစ် သတ်မှတ်ခံရဖူးသူဖြစ်သည်။

ကစ်ဆင်ဂျာသည် အမေရိကန်သမ္မတအဖြစ် ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူ ရစ်ချက်နစ်ဆင်လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသလို အမေရိကန်သမ္မတအဖြစ် ၁၉၇၇ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ တာဝန်ယူခဲ့သူ Gerald Ford လက်ထက်တွင်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။

ဟင်နရီကစ်ဆင်ဂျာသည် ဂျူးလူမျိုးတစ်ဦးဖြစ်ပြီး ၁၉၃၈ ခုနှစ်တွင် ဂျာမနီနာဇီ၏လက်ချက်ကြောင့် ဂျူးဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ ထွက်ပြေးခဲ့သူဖြစ်သည်။

ကစ်ဆင်ဂျာသည် ဗီယက်နမ်စစ်ပွဲနှင့်ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ပေးမှုများကြောင့် ၁၉၇၃ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ဖူးပြီး ယင်းငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခြင်း က အငြင်းပွားဖွယ်ဖြစ်စေခဲ့ကြောင်း သိရသည်။

ကစ်ဆင်ဂျာသည် ဗီယက်နမ်စစ်ပွဲ အဆုံးသတ်စေရန်၊ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲစေရန်နှင့် အမေရိကန်နှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးထူထောင်ရန် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်သည်။

ဟင်နရီကစ်ဆင်ဂျာသည် ကမ္ဘာရေးရာပြသာနာများ ဖြေရှင်းနိုင်ရန် သြဇာလွမ်းမိုးမှုရှိသူဖြစ်ပြီး အမေရိကန်သမ္မတများအပြင် နိုင်ငံတကာခေါင်းဆောင်များ၏ တိုင်ပင်ဆွေးနွေး၊ အကြံတောင်းခံခြင်းများ ခံရသူဖြစ်သည်။

ဟင်နရီကစ်ဆင်ဂျာသည် Connecticut ရှိအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း Kissinger Associates အဖွဲ့က သတင်းထုတ်ပြန်ခဲ့သော်လည်း မည်သည့်ရောဂါဖြင့် သေဆုံးသည်ကို အတိအကျသတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

#ကောင်းထက်ငွေ

channelnewsasia.com

#ယနေ့ခေတ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ ကွယ်လွန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.