အမေရိကန် စတော့ဈေးနှုန်းများ ကျဆင်းပြီးနောက် Tesla ကိုဝယ်မည်ဟု ဒေါ်နယ်ထရမ့် ဆို

နယူးယောက်၊ မတ် ၁၁

လျှပ်စစ်ကားကုမ္ပဏီရှယ်ယာများ 15% ကျော်ကျဆင်းသွားပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Tesla အမှတ်တံဆိပ်အသစ်စက်စက်ကို ဝယ်ယူမည်ဟု ပြောကြားလိုက်သည်။

Tesla ပိုင်ရှင် အီလွန်မက်စ်ကို ထိခိုက်နစ်နာစေရန် ကုမ္ပဏီအားသပိတ်မှောက်သည့် “ အစွန်းရောက်လက်ဝဲဆိုးများ” ဟု ထရမ့်က အပြစ်တင်ခဲ့သည်။

သို့သော်လည်း စတော့လေ့လာသုံးသပ်သူများက ရှယ်ယာများကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ Tesla ၏ စွမ်းဆောင်ရည်ညံ့ဖျင်းခြင်းကြောင့် လွန်ခဲ့သည့်နှစ်အတွင်းကပင် အရောင်းကျဆင်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အခွန်စည်းကြပ်မှုဆိုင်ရာ ထရမ့်၏စီးပွားရေးမူဝါဒများသည်လည်း ရင်းနှီးမြုပ်နှံသူများကို ကြောက်ရွံ့စေသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားသည်။

ထရမ့်၏အခွန်စည်းကြပ်မှု မူဝါဒများကြောင့် ရင်းနှီးမြုပ်နှံသူများကစိုးရိမ်ကာ တနင်္လာနေ့တွင် အမေရိကန်ဈေးကွက်၌ ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားသည်။

ကမ္ဘာ့အကြီးဆုံးစီးပွားရေးသည် “ အကူးအပြောင်းကာလ” တွင်ရှိနေသည်ဟု တီဗီအင်တာဗျူးတစ်ခုတွင် အမေရိကန်သမ္မတက အရိပ်အမြွက်ပြောကြားခဲ့သည်။

#BBC

#ယနေ့ခေတ်

အမေရိကန် စတော့ဈေးနှုန်းများ ကျဆင်းပြီးနောက် Tesla ကိုဝယ်မည်ဟု ဒေါ်နယ်ထရမ့် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.