အမေရိကန်၏မူဝါဒအပြောင်းအလဲနောက် ဥရောပသည် နိုးထသင့်ပြီဟု ဂရိဝန်ကြီးချုပ် ဆို

အေသင်၊ ဖေဖော်ဝါရီ ၂၀

ယူကရိန်းနှင့် ပထဝီနိုင်ငံရေးဆိုင်ရာမူဝါဒများကို အမေရိကန်ပြည်ထောင်စုက သိသိသာသာ ပြောင်းလဲလာပြီးနောက် ဥရောပသည် နိုးထဖို့လိုအပ်လာပြီး ၎င်းတို့၏ကိုယ်ပိုင်ကာ ကွယ်ရေးမူဝါဒကို တည်ဆောက်သင့်သည်ဟု ဂရိဝန်ကြီးချုပ် ကီရီယားစကော့ မစ်ဆိုတားကစ်က ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နှောင်းပိုင်းတွင် ပြောကြားသည်။

သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းနှင့် ရုရှားကြား သုံးနှစ်ကြာစစ်ပွဲကို စတင်ခဲ့သည့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးကို “ အာဏာရှင်” အဖြစ်ရှုတ်ချကြောင်း၊ ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်ပေါ်လစီကို ဖွင့်ချပြီးနောက် ပြောကြားခဲ့သည်။

ဇီလန်စကီးသည် ငြိမ်းချမ်းရေးရရှိရန် သို့မဟုတ် ၎င်း၏နိုင်ငံကိုဆုံးရှုံးနိုင်စေမည့်အန္တရာယ်မှ လျင်မြန်စွာလှုပ်ရှားရမည်ဟု ထရမ့်ကသတိပေးခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးကြားရန်ပွဲမှာ နက်ရှိုင်းခဲ့သည်။

အမေရိကန်နှင့် ရုရှားတို့သည်  ယူကရိန်းနှင့် ၎င်း၏ဥရောပမဟာမိတ်များမပါဘဲ ဆော်ဒီအာရေဗျတွင် ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို ယခုသီတင်းပတ်အတွင်း ကျင်းပမည်ဖြစ်သည်။

ယူကရိန်းသည် ရုရှားကသိမ်းယူထားသော နယ်မြေများနှင့်ပတ်သက်ပြီး ၎င်း၏သဘောဆန္ဒမပါဘဲ ချမှတ်ထားသည့် သဘောတူညီချက်ကို လက်ခံမည်မဟုတ်ဟု ဇီလန်စကီးက ပြောကြားထားသည်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက Thessaloniki မြို့တွင်ကျင်းပသော စီးပွားရေးကွန်ဖရင့်၌ မစ်ဆိုတားကစ် မိန့်ခွန်းပြောကြားရာတွင် ဥရောပသည် “ ကံမကောင်းစွာဖြင့် ကျဆင်းသွားခဲ့သော ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာထုံထိုင်းမှုမှ နိုးထရန်လိုအပ်သည်။” ဟု ဆိုသည်။

“မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကွဲပြားတဲ့အမြင်တွေဟာ အခုအချိန်မှာ အမှန်တရားကို ရင်ဆိုင်ဖို့တင်မကဘဲ ကျွန်တော်တို့ဆွေးနွေးနေတဲ့ ဆုံးဖြတ်ချက်တွေကို အရှိန်အဟုန်မြင့်မြင့်နဲ့ အကောင်အထည်ဖော်ဖို့ ကျွန်တော်တောင်းဆိုပါတယ်။” ဟု မစ်ဆိုတားကစ်က ပြောကြားခဲ့သည်။

မစ်ဆိုတားကစ်က ၎င်းတို့၏ကိုယ်ပိုင်လုံခြုံရေးစွမ်းအားကို ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်စေမည့် ကာကွယ်ရေးမူဝါဒကိုချမှတ်ရန် ဥရောပအားထောက်ပြခဲ့သည်။

Ref: channelnewsasia.com

Photo: REUTERS/Louisa Gouliamaki

#ယနေ့ခေတ်

အမေရိကန်၏မူဝါဒအပြောင်းအလဲနောက် ဥရောပသည် နိုးထသင့်ပြီဟု ဂရိဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.