အမေရိကန်ဦးဆောင်ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများကို တရုတ်စစ်တပ် ကင်းလှည့်စောင့်ကြည့်မည်

ဘေဂျင်း၊ ဧပြီ ၇

တရုတ်စစ်တပ်သည် ဧပြီ ၇ ရက်နေ့တွင် အငြင်းပွားမှုများရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်း ရေတပ်နှင့်လေတပ်တို့ ပူးပေါင်းပြီး ကင်းလှည့်မှုများ အရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အမေရိကန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နှင့် သြစတြေးလျနိုင်ငံတို့ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်နေချိန်အတွင်း တရုတ်နိုင်ငံဘက်က ယင်းကဲ့သို့ လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်ဦးဆောင်ပြီး နိုင်ငံလေးနိုင်ငံ ပူးတွဲပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းကို ဝေဖန်ပြစ်တင်ထားကြောင်း သိရသည်။

တရုတ်စစ်သင်္ဘောများသည် အငြင်းပွားမှုများရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို ဟန့်တားနှောက်ယှက်ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်ဦးဆောင်ပြီး အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။

တရုတ်အစိုးရက အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ဦးဆောင်ပြီး နိုင်ငံလေးနိုင်ငံ ပူးတွဲပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းသည် တရုတ်နိုင်ငံ၏ အချုပ် အခြာအာဏာပိုင်နက်ကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။

တရုတ်စစ်တပ်က “ ကျွန်တော်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ရေတပ်နဲ့လေတပ်ပူးပေါင်းပြီး ကင်းလှည့်မှုအရှိန်မြင့်တင်မယ်။ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးဆောင်ရွက်မှုအခြေနေတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်။” ဟု ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဖိလစ်ပိုင်၊ ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့်မတွေ့ဆုံခင် ရက်ပိုင်းအလိုတွင် အမေရိကန်ဦးဆောင်ပြီး နိုင်ငံလေးနိုင်ငံ ပူးတွဲစစ်ရေလေ့ကျင့်ခြင်းဖြစ်သည်။

အမေရိကန်အစိုးရက “ တောင်တရုတ်ပင်လယ်အတွင်း လက်နက်ကိုင်တိုက်ခိုက်မှုရန်ကနေ ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးမယ့်ကတိတွေကို ဆက်လက်အကောင်ထည်ဖော်မယ်။” ဟု ပြောသည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ နေရာအားလုံး၏ ၉၀ ရာခိုင်နှုန်းကို ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောဆိုထားပြီး အာဆီယံဒေသအတွင်းနိုင်ငံအချို့နှင့် ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်း သိရသည်။

ကောင်းထက်ငွေ

trtworld.com/asia

အမေရိကန်ဦးဆောင်ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများကို တရုတ်စစ်တပ် ကင်းလှည့်စောင့်ကြည့်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.